မိုးကုတ်မြို့တွင် ကျင်းပသော ၂၀၁၈ခုနှစ်ကြားဖြတ်ရွေး ကောက်ပွဲ အောင်နိုင်ရေးတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးတက်ရောက်အားပေး
မိုးကုတ်၊ စက်တင်ဘာ ၂၃
မိုးကုတ်မြို့၊ထင်ရှူးခြံရပ်ကွက်၊မဏိရတနာခန်းမတွင် ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက်(၉)နာရီခွဲ အချိန်တွင် ကျင်းပသည့် ၂၀၁၈ခုနှစ်ကြားဖြတ်ရွေး ကောက်ပွဲ အောင်နိုင်ရေးတွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦး သန်းဌေး တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်။
အခမ်းအနားအား နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံ တော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ပြီးနောက် ၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအား ကိုယ် စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့်ရှမ်းတိုင်းရင်းသားလွှတ်
တော်ကိုယ်စားလှယ်လောင်းဦစိုင်းအောင်ကြည်အား မဲဆန္ဒရှင်ပြည်သူလူထုထံ မိတ်ဆက်၍ ၎င်း၏ကိုယ်ရေးအကျဉ်း အား တွဲဖက်အခမ်းအနားမှူးဒေါ်ဝါဝါလှိုင်မှ ဖတ်ကြားပေးခဲ့သည်။
ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက နှုတ် ခွန်းဆက်အမှာစကားပြောကြားပြီးနောက် မိုးကုတ်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဘဌေးက အဖွင့်အမှာစကား ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးစိုင်းအောင်ကြည်တို့မှ မိတ်ဆက်စကား ပြောကြားခဲ့ကာ အခမ်းအနားအား ကြွေးကြော်သံများဖြင့် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
ယနေ့ကျင်းပသော အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူးဦး သက်နိုင်ဝင်း၊ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော မန္တလေးတိုင်းဒေသကြီးနယ် မြေတာဝန်ခံဦးဝဏ္ဏမောင်လွင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်၊တိုင်းဒေသကြီးပါတီအတွင်းရေးမှူးဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဋ္ဌဦးဝင်းကြည်နှင်ခရိုင်ပါတီကော်တီဝင်များ၊ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးစိုင်းအောင်ကြည်၊မိုးကုတ်မြို့နယ်ပါတီဥက္ကဌဦးဘဌေးနှင့်မြို့နယ်ပါတီ
ကော်မတီဝင်များ၊ပါတီဝင်များနှင့်ပါတီကို ထောက်ခံအားပေးသောမဲဆန္ဒရှင်ပြည်သူများ အပါအဝင် စုစုပေါင်း (၁၃၀၀)ဦး တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။