ဒဂုံ​မြောက်​ပိုင်း ပြည်​ခိုင်​ဖြိုးပါတီ အမျိုးသမီး​ရေးရာဝတ်​အဖွဲ့​တော်​သလင်းလပြည့်​ ဂရုဓမ္မအခါ​တော်​​နေ့၌ ဝတ်​ရွတ်​ပူ​ဇော်

 

ရန်​ကုန်​ စက်​တင်​ဘာလ ၂၄

ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​၊ ဒဂုံမြို့သစ်​ ​မြောက်​ပိုင်း မြို့နယ်​၊ ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီမှ အမျိုးသမီးအဖွဲ့ သည်​ ယ​နေ့ ​တော်​သလင်းလပြည့်​​နေ့၊ ဂရုဓမ္မအခါ​တော်​​နေ့ထူး​နေ့မြတ်​၌ မြို့နယ်​ ပါတီရုံးတွင်​ မြတ်​ဘုရားရှင်​အား ရည်​​မျှော်​၍ မဟာပဌာန်းကိုရွတ်​ဖတ်​ပူ​ဇော်​ခဲ့ကြပါသည်​။
ဒဂုံ​မြောက်​ ပြည်​ခိုင်​ဖြိုးပါတီမှ အမျိုးသမီးဝတ်​အဖွဲ့သည်​ ဝါတွင်းသုံးလပတ်​လုံး တွင်​ ပါတီဝင်​အမျိုးသမီးများနှင့်​(အပတ်​စဉ်​)မပြတ်​ဝတ်​ရွတ်​ပူ​ဇော်​ကြ​ကြောင်းလည်း သိရှိရပါသည်​။