တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်သာမြို့နယ် အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားကို (၁၉-၉-၂၀၁၈) နေ့ နံနက်ခင်းမင်္ဂလာအချိန် (၀၉:၃၀) နာရီမှာ စတင်ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြင်းခြံခရိုင်နယ်မြေတာဝန်ခံ တိုင်းကော်မတီဝင် ဦးမြတ်သူ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင့်၊ မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းညွန့်အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင် နယ်မြေမှူးများ၊ ရပ်/ကျေးပါတီကော်မတီဥက္ကဋ္ဌများနှင့် ပါတီဝင်အမျိုးသမီးများ အမျိုးသမီးရေးရာစာတမ်း အသီးသီးဖတ်ကြားတင်သွင်းမည့် အမျိုးသမီးကော်မတီဝင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပါတီဝင်အမျိုးသား/သမီးအင်အား (၁၅၀) ခန့် တက်ရောက်ခဲ့ပါသည်။
credit : Tin Htun Naing