လေးအိမ်စုလူငယ်တွေ့ဆုံပွဲကျင်းပ

 

မအူပင် စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူပင် ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့ နယ်ပါတီကော်မတီဝင်လူငယ်ရေး ရာတာဝန်ခံဦးတင်အောင်ရွှေသည် မအူပင်ခရိုင် လူငယ်တာဝန်ခံဦးဝင်း ကျော်ကျော်နှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီက မအူပင်မြို့နယ် လေးအိမ်စုကျေးရွာအုပ်စုမှ ပါတီ ဝင်ဦးမောင်သိန်းနေအိမ်တွင် လေး အိမ်စုကျေးရွာ လူငယ်များနှင့်တွေ့ ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲ၌ လူငယ်ညီလာခံ ၏ရည်ရွယ်ချက်ခုနစ်ချက်၊ရှေ့ဆက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ငါး ချက်တို့ကိုရှင်းလင်းခြင်း၊ မျိုးဆက် သစ်လူငယ်များသည် တိုင်းပြည်၏ တာဝန်များကို ပခုံးပြောင်းတာဝန် ယူရာတွင် ထားရှိရမည့် မှန်ကန် သောအသိ၊အတတ်ပညာ၊အတွေး အခေါ်များကိုရှင်းလင်းပြီး လူငယ် များ၏ သိလိုသည်များမေးမြန်းခြင်းကို ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)