တရုတ်-ရုရှား ဆက်ဆံရေး ပိုမိုတက်ကြွစွာဖွံ့ဖြိုးလာကြောင်း သမ္မတရှီ ပြောကြား
တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ယမန်နေ့က ဗလာဒီဗော့စတော့မြို့တွင် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကျင်းပပြုလုပ်ခဲ့ကြသည်။
နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် တရုတ်-ရုရှားဆက်ဆံရေးသည် ယခုနှစ်တွင် ပိုမိုတက်ကြွစွာ ဖွံ့ဖြိုးတိုးတက် လာပြီး ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိလာကာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာခဲ့ကြောင်း၊ နိုင်ငံတကာ အခြေအနေမည်သို့ ပြောင်းလဲဖြစ်ပေါ်စေကာမူ တရုတ်-ရုရှားနှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်စွာ ဖွံ့ဖြိုး တိုးတက်ရန် ခိုင်မြဲစွာ ဆောင်ရွက်ပြီး က္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းရေးကို ခိုင်မာစွာ ထိန်းသိမ်း သွားမည်ဖြစ် ကြောင်း သဘောတူခဲ့သည်။
ထို့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်-ရုရှားနှစ်နိုင်ငံအနေဖြင့် အဆင့်မြင့်အရာရှိ အနီးကပ် ဆက်ဆံရေးအား ထိန်းသိမ်းထားခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးမြင့်မားမှုနှင့် ထူးခြားမှုတို့ကို ပေါ်လွင်စေကြောင်း၊ နှစ်နိုင်ငံ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု အသီးအပွင့်များ ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံအပြန်အလှန် မိမိနိုင်ငံနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်လျှောက်လှမ်းသည်ကို ထောက်ခံအားပေးခဲ့ကြပြီး လုံခြုံ ရေးနှင့် အကျိုးစီးပွားအပေါ်ကာကွယ်ခြင်းအား ခိုင်မြဲစွာ ထောက်ခံအားပေးခဲ့ ကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် အစဉ်အလာချစ်ကြည်ဆက်ဆံရေးကို တည်မြဲအောင် ဆောင်ရွက်ပြီး ဘက်စုံညှိနှိုင်း ဆောင်ရွက်မှုကို တိုးချဲ့ကာ တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအား ပိုမိုမြင့်မားသည့်အဆင့်သို့ ရောက်ရှိအောင် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်-ရုရှားနှစ်နိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရေးနှင့် ဥရောပ-အာရှ စီးပွားရေးမဟာမိတ် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပြီး အရေးပါသည့် စီမံကိန်းများ တည်ငြိမ်စွာ အကောင်အထည်ဖော် သွားကာ ပိုမိုကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ် သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင်ကလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ယခုလို အရှေ့တိုင်းဖိုရမ်ကို တက်ရောက် လာသည့်အတွက် လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ရုရှား-တရုတ်နှစ်နိုင်ငံအနေဖြင့် လက်ရှိနိုင်ငံတကာ ကိစ္စရပ် များတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒကို ဆန့်ကျင် သွားရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် တရားမျှတပြီး လက်ခံနိုင်သည့် နိုင်ငံတကာ စည်းစနစ်ကို ထိန်းသိမ်း သွားကာ ကမ္ဘာလုံးဆိုင်ရာ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် သွားရမည် ဖြစ်ကြောင်း ပြောခဲ့သည်။
ဆင်ဟွာ