ပွင့်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး
ပွင့်ဖြူ စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီ ဝင်များနှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌ များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကိုယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ် ကော်မတီရုံး အစည်းအဝေးခန်းမ တွင်ကျင်းပရာအစည်းအဝေးကို မြို့ နယ်ပါတီအတွင်းရေးမှူး ဦးဆန်း ထွန်း၊ကော်မတီဝင်များဖြစ်ကြသော ဦးသန်းကို၊ ဦးတင်ဝင်းမောင်၊ ဦးအောင်ကျော်ဦးနှင့် ရပ်/ကျေး ပါတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များတက် ရောက်ကြသည်။
အစီအစဉ်အရ မြို့နယ်ပါတီ ကော်မတီအတွင်းရေးမှူး ဦးဆန်း ထွန်းနှင့် မြို့နယ်ကော်မတီဝင်များ မှ နိုင်ငံတော်၏လက်ရှိဖြစ်ပေါ်နေ သည့် နိုင်ငံရေး၊ စီးပွားရေး၊လုံခြုံ ရေးအခြေအနေများကိုဆွေးနွေးပြီး တက်ရောက်လာကြသည့် ရပ်/ ကျေးဥက္ကဋ္ဌနှင့်ကော်မတီဝင်များမှ မိမိတို့ဒေသ၏အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
နွယ်နီနိုင်(ချောက်)