ရုရှမှာ ပင်စင်သက်တိုးမြှင့်တာကို ဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာ

ရုရှနိုင်ငံမှာ ဒေသန္တရရွေးကောက်ပွဲတွေအတွက် မဲပေးနေချိန် လူထုမနှစ်သက်တဲ့ ပင်စင်သက်တိုးမြှင့်တာကို စက်တင်ဘာ ၉ ရက်မှာ လူထောင်ပေါင်းများစွာက ဆန့်ကျင်ဆန္ဒပြကြပါတယ်။

အကျဉ်းကျနေတဲ့ အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်နိုင်းက နိုင်ငံတစ်လွှား ဆန္ဒပြမှုတွေ ဆင်နွှဲဖို့ ဆော်သြထားတာလည်း ဖြစ်ပြီး ရဲက ဖမ်းဆီးထားသူပေါင်း ၁၅၀ ထက်မနည်း ရှိနေပြီလည်း ဖြစ်ပါတယ်။

မော်စကိုမှာဆိုရင် အနည်းလူပေါင်း ၂၀၀၀ နီးပါးက စုရုံးဆန္ဒပြကြပါတယ်။ ဒီလို ဆန္ဒပြနေတဲ့ ကာလမှာပဲ မြို့တော်ဝန်ရွေးကောက်ပွဲလည်း ကျင်းပနေရာ အစိုးရထောက်ခံတဲ့ တာဝန်ထမ်းဆဲ လက်ရှိမြို့တော်ဝန်ဖြစ်သူဟာ အနိုင်ရဖို့က ကျိန်းသေလို့လည်း နေပါတယ်။

“သူတို့တွေက ဆီးရီးယားမှာ စစ်တပ်တွေထားပြီး တိုက်ပွဲဝင်လို့ ပိုက်ဆံတွေ ဖြုန်းနေကြတယ်။ ဒါပေမယ့် ပင်စင်စားတွေကိုတော့ လှည့်မကြည့်ဘူး။”လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

အကြိုရလဒ်တွေအရ လူကြိုက်နည်းလာပြီဖြစ်တဲ့ ရုရှသမ္မတ ဗလာဒီမာပူတင်ဟာ သမ္မတ ဗလာဒီမာပူတင်ဟာ ပင်စင်ပြုပြင်ပြောင်းလဲမှုတွေကို ဖြေလျှော့မှုတွေနဲ့အတူ သြဂုတ် ၂၉ ရက်က အဆိုပြုလာပါတယ်။

ပင်စင်သက်ကို အမျိုးသမီးတွေမှာ လက်ရှိ ၅၅ နှစ်ကနေ ပထမအဆိုပြုထားတဲ့ ၆၃ နှစ်အစား အသက် ၆၀ ကို ပူတင်က အဆိုပြုလာခဲ့တာပါ။

အမျိုးသားတွေအတွက်ကတော့ ပင်စင်သက်ကို မပြောင်းမလဲဘဲ အသက် ၆၀ ကနေ အသက် ၆၅ နှစ်အထိ တိုးမြှင့်ခဲ့တာပါ။

ဒါပေမယ့် လူကြိုက်မများတဲ့ ဒီပင်စင်ပြုပြင်ပြောင်းလဲမှုကို ခုလို ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်နေတော့တာ ဖြစ်ပါတယ်။

-Ref; AFP