ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသမီးရေးရာမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်
ဘုလလင် စက်တင်ဘာ ၁ဝ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဘုတလင် မြို့နယ် အမျိုးသမီး ရေးရာ ကော်မတီမှ ဦးဆောင်၍ သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ဝါဆိုသင်္ကန်းကပ်ခြင်းကို ထန်း တောရွာ တာဝတိံသာကျောင်း တိုက်၌ယမန်နေနံနက်ပိုင်းတွင်ကျင်းပ ခဲ့သည်။
အဆိုပါ ကျောင်းတိုက်ဓမ္မာ ရုံတွင် တာဝတိံသာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဇာတ အရှင် သူမြတ်အားဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပြီး ကျောင်းတိုက်ဝင်း အတွင်း၌ သန့်ရှင်းရေးပြုလုပ်ခဲ့ သည်။
ထိုသို့ သန့်ရှင်းရေးပြုလုပ်ရာ ၌ ခရိုင်ပါတီကော်မတီဝင် ဘုတလင် မြို့နယ် တာဝန်ခံဦးစိန်ဝင်းလှိုင်၊ မြို့နယ်ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ် ကော်မတီဝင်များ၊ ထန်းတော ကျေးရွာမှ အမျိုးသမီးပါတီဝင် ၅ဝ တက်ရောက်ခဲ့သည်။
စုပေါင်းသန့်ရှင်းရေးပြုလုပ် သူများအား မုန့်ဟင်းခါးဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။
ရွှေကျီစု(ဘုတလင်)