ဆူဇူကီးပြိုင်ပွဲအုပ်စုကျော်ဖြတ်ရန် ပထမအဆင့် ကြိုးစားမည်ဟု မြန်မာနည်းပြချုပ်ဆို

၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း

 

အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲတွင် ပထမအဆင့်အနေဖြင့် အုပ်စုအဆင့်ကို ကျော်ဖြတ်ရန် ကြိုးစားမည် ဖြစ်ကြောင်း မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ် အန်တွမ်နီဟေးက ပြောသည်။ 

၂၀၁၈ အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲကို နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ ကျင်းပ မည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(က)တွင် ဗီယက်နမ်၊မလေး ရှား၊ ကမ္ဘောဒီးယား၊ လာအိုအ သင်းတို့နှင့် ကျရောက်နေသည်။ 

‘‘ကျွန်တော်တို့ အသင်းအနေ နဲ့ အရင်ဆုံးအုပ်စုကျော်ပြီး ဆီမီး တက်ဖို့ကြိုးစားသွားမယ်။ ပြိုင် ဘက်တိုင်းက လျှော့တွက်လို့မရ ဘူး။ အသင်းကောင်းတွေချည်း ပါပဲ။ ဒါ့ကြောင့် သေချာပြင်ဆင်ပါ မယ်။ လူစာရင်းကတော့ အ ကောင်းဆုံးဖြစ်အောင် ရွေးချယ် ထားတယ်။ လက်ကျန်လိဂ်ပွဲနဲ့ ရှုံး ထွက်ပွဲမှာလည်း ကစားသမား တွေရဲ့ အနေအထားကို စောင့် ကြည့်ပါမယ်။ အာရှအားကစား ပြိုင်ပွဲလူစာရင်းကိုတော့ အဓိက အခြေခံထားပါတယ်’’ ဟု အန် တွမ်နီဟေးက ပြောသည်။ 

မြန်မာအသင်းသည် ဆူဇူကီးပြိုင်ပွဲမတိုင်မီ အောက်တိုဘာအတွင်းအင်ဒိုနီးရှား၊ အာဖဂန်နစ္စ တန်အသင်းတို့နှင့် ခြေစမ်းပွဲယှဉ် ပြိုင်မည့်အပြင်  ကာတာနိုင်ငံသို့လည်း ခြေစမ်းပွဲခရီးစဉ်သွား ရောက်မည်ဖြစ်သည်။ ဆူဇူကီး ပြိုင်ပွဲတွင်အောင်မြင်ရန် မြန်မာအသင်းအနေဖြင့် လုံလောက်သည့်ပြင်ဆင်ချိန် ရရှိထားကြောင်း မြန်မာ့ လက်ရွေးစင်အသင်းလက်ထောက်နည်းပြ ဦးစိုးမြတ်မင်းက ပြောသည်။ 

‘‘နည်းပြအန်တွမ်နီဟေး လက်ထက်မှာ မြန်မာအသင်းက တစ်ဦးချင်းလုပ်ဆောင်ရမယ့်တာ ဝန်တွေကို ခွဲခြားသတ်မှတ်ပေး ထားတဲ့အတွက် ကစားသမားတွေ အနေနဲ့ဖိစီးမှုမရှိဘဲ ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်နိုင်တာက သူ့ရဲ့အားသာချက်ပဲ။ ပြီးတော့ ကစားသမားတွေ စိတ်ဓာတ်တက်ကြွအောင် သူကလှုံ့ဆော် ပေးနိုင်တယ်။ ကျွန်တော်တို့ ပြိုင်ပွဲမတိုင်ခင် ပြင်ဆင်ချိန်လည်း ရထားတဲ့အတွက် အကောင်းဆုံး ပုံစံရရှိအောင် လုပ်သွားမှာပါ’’ဟု ဦးစိုးမြတ်မင်းက ပြောသည်။ 

ယခုနှစ်ဆူဇူကီးပြိုင်ပွဲတွင် ပြိုင်ပွဲပုံစံပြောင်းလဲပြီး အိမ်ရှင် နိုင်ငံသတ်မှတ်ခြင်းမရှိဘဲ အုပ်စုပွဲ စဉ်များကစတင်ကာ အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့်  ကျင်းပမည် ဖြစ်သည်။ 

မြန်မာအသင်းသည်  အုပ်စုအဆင့်တွင် အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ  ယှဉ်ပြိုင်မည် ဖြစ်သည်။

7Days