မဟာ​အောင်​​မြေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

(၁၀.၉.၂၀၁၈) ရက်​​နေ့ နံနက်​ (၉) နာရီအချိန်​တွင် မဟာ​အောင်​​မြေမြို့နယ်ပါတီရုံးခန်းမ၌ အမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပပြုလုပ်​ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ မန္တ​လေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်​ပါတီအတွင်း​ရေးမှူး ​ဒေါ်ဝါဝါလှိုင်​နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်​သန်းနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်အမျိုးသမီးများ အပါအဝင် စုစုပေါင်းအင်အား(၁၅၀) ဦးခန့်​ တက်ရောက်ခဲ့ကြောင်းသိရသည်။