ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ်ရာအခမ်းအနားသိှု့ သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကန်တော့

 

ယနေ့ နေ့လည်က သံတွဲမြို့ လေးမျက်နှာကုန်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သော (၇၉) နှစ်မြောက် အထိမ်းအမှတ်ဆရာတော် အရှင်ဦးဥတ္တမနေ့ အခမ်းအနားသို့ သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်အတွင်းရေးမှူး ဦးကြည်ရွှေနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများ၊ ရခိုင်စည်တော်အဖွဲ့နှင့် ပါတီဝင်လူငယ်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ သွားရောက်၍ လူငယ်ပါတီဝင်များမှ ရခိုင်စည်တော်တီးခတ်၍ လွမ်းသူ့ပန်းခွေချ ဂါရဝပြု ကန်တော့ခဲ့ကြသည်။

USDP TD