၂၀၁၈ – ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်မြေ အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်
၂၀၁၈ – ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား ကိုယ်စားပြုပြီး အရွေးချယ်ခံမည့် ဦးဆီဟူးဒွေ့ သည် အဘ – ဦးချော်ဖာတီနှင့် အမိ – ဒေါ်ခူမာမဲတို့မှ ၂၉ . ၇ . ၁၉၆၈ ရက်နေ့တွင် ပူတာအိုမြို့ နယ် မူလာအွန်ကျေးရွာ ၌ မွေးဖွားခဲ့ပြီး မွေးချင်း (၄) ဦးအနက် အကြီးဆုံးသားဖြစ်ပါသည်။
မူလာအွန်ကျေးရွာ၌ နေထိုင်ရင်း ၁၉၉၅ ခုနှစ်တွင် ဒေါ်ချန်ရန်နှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး (၃) ဦး ထွန်းကားခဲ့ပါသည်။
ပညာသင်ကြားမှု အနေဖြင့် မူလတန်းအဆင့်အား အမကဇီးအွန်၌ လည်းကောင်း၊ အလယ်တန်းအဆင့်အား အလကမူလာရှီဒီးနှင့် အလကဒုတ္တန် တို့ ၌ လည်းကောင်း အထက်တန်းအဆင့်အား အထက ပူတာအို၌ လည်းကောင်း တက်ရောက်ခဲ့ကာ ၁၉၉၀ ပြည့် နှစ်တွင် တက္ကသိုလ်ဝင်တန်းကို (က) အဆင့်ဖြင့်အောင်မြင်ခဲ့ပါသည်။
တက္ကသိုလ်ပညာအား အလုပ်အကိုင်တစ်ဖက်ဖြင့် အဝေးသင်တက္ကသိုလ် မန္တလေး သို့ ဥပဒေ (စတုတ္ထ)နှစ်အထိတက်ရောက်ခဲ့ပါသည်။
ထို့ အပြင် ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ မြစ်ကြီးနား ဓမ္မတက္ကသိုလ် (M.C.S) သို့ တက်ရောက်ကာ B.Th ဘွဲ့ရရှိခဲ့ပါသည်။
နိုင်ငံတာဝန်ထမ်းဆောင်ခြင်းအနေဖြင့် ပညာရေးဌာနတွင် ၁၉၉၀ မှ ၁၉၉၂ အထိ အမက ရီကျော်ဒီ ၌ မူလတန်းပြကျောင်းဆရာအဖြစ် တာဝန်ထမ်းတောင်ခဲ့ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတွင် ၁၉၉၂ မှ ၂၀၀၄ ခုနှစ်အထိ လ/ထ လဝက မှူး တာဝန်အားလည်းကောင်း ၂၀၀၄ မှ ၂၀၀၉ ခုနှစ်အထိ ဒုလူဝင်မှုကြီးကြပ်ရေးမှူးတာဝန်များအား ထမ်းဆောင်ခဲ့ကာ ခေါ်ဘူဒဲ (ခေါင်လန်ဖူး) မကဖ ( ၃) မြစ်ကြီးနား၊ မိုးမောက်၊ ဆင်ဘို၊နစက(မောင်တော) နကသ (ကန်ပိုက်တည်) ပူတာအို စသည့် ဒေသများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်။
လူမှုရေးလုပ်ငန်းများတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်ပေးနေသူဖြစ်ပြီး ၂၀၀၆ မှ ၂၀၀၉ ခုနှစ်အထိ ပူတာအိုမြို့နယ် လီဆူ စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်အဖြစ် လည်းကောင်း ၂၀၁၁ ခုနှစ်မှ ယနေ့ အထိ မြန်မာနိုင်ငံ လီဆူ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ ၏ တွဲဘက်အတွင်းရေးမှူး (၁) အဖြစ်တာဝန်ယူဆောင်ရွက်ရင်း ကချင်မျိုးနွယ်စုစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ များ၊ဗမာ၊ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ များ နှင့် အပြန်အလှန်ချိတ်ဆက်မှုများ ပြုလုပ်ပေးနေသူ ဖြစ်ပါသည်။
ဦးဆီဟူးဒွေ့ သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၏ဦးဆောင်မှုဖြင့် နိုင်ငံတော်အား စည်းကမ်းပြည့်ဝပြီးခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့် အဖြစ် ပါဝင်နိုင်ရန် ပါတီသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ပါတီဝင်တစ်ဦးအနေဖြင့် တိုင်းရင်းသားရေးရာလုပ်ငန်းများကို ပါဝင်ဆောင်ရွက်နေသူဖြစ်ပါသည်။
မိဘပြည်သူများမှ ရွေးခြယ်တာဝန်ပေးအပ်လာပါက လွှတ်တော်အဆင့်ဆင့်တွင် ဥပဒေပြုရေးနှင့်ပြည်သူ့ အကျိုးသယ်ပိုးနိုင်ရန် ရည်ရွယ်လျှက် ယခု၂၀၁၈ – ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ပါသည်။
မြစ်ကြီးနားမြို့နယ် ပိုမိုတောက်ပသော အနာဂါတ်ဖြစ်စေဖို့ ဦးဆီဟူးဒွေ့ကိုမဲပေးစို့။