စမ်းချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကလေးများဖွံ့ဖြိုးမှုမှန်ကန်ရေးအသိပညာပေးဟောပြော
ရန်ကုန် စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက အမျိုးသမီးညီလာခံအကြိုကလေးများဖွံ့ဖြိုးမှုမှန်ကန်ကောင်းမွန်စေရေး အသိပညာပေး ဟောပြောပွဲကျင်းပကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ရန်ကုန်အနောက်ပိုင်းခရိုင်တာဝန်ခံ ဒေါ်သင်းသင်းမိုး၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ ဒေါ်စန်းစန်းဝင်း(၁)၊ဒေါ်စန်းစန်းဝင်း(၂)၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဌေးအောင်၊ စိတ်ပညာပါမောက္ခ(ငြိမ်း) ဒေါ်သက်ထားဝင်းနှင့် စိတ်ပါ ဝင်စားသူ မိခင်များတက်ရောက်ကြသည်။
အစီအစဉ်အရ ပါတီဗဟိုကော်မတီဝင်ဒေါ်သင်းသင်းမိုးက အမှာစကားပြောကြားပြီး ပါမောက္ခ (ငြိမ်း) ဒေါ်သက်ထားဝင်းက ကလေးများပြုစုစောင့်ရှောက်ရေး အသိပညာဗဟုသုတများကို ဟောပြောဆွေးနွေးရာ တက်ရောက်လာသူများကသိရှိလိုသည်များကို ပြန်လည်မေးမြန်းကြသည်။
ထို့နောက် တက်ရောက်လာသူများ၏မေးမြန်းချက်များကို ပါမောက္ခ(ငြိမ်း) ဒေါ်သက်ထား ဝင်းက ပြန်လည်ရှင်းလင်းဖြေကြားပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထိန်ဝင်း(YGN)