ဖားဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ နှင့် လူငယ်အဖွဲ့များ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်
၅. ၉. ၂၀၁၈. ရက်နေ့ နံနက် ၉ နာ၇ီခန့်အချိန်တွင် ကယားပြည်နယ်ဘောလခဲခရိုင် ဖားဆောင်းမြို့နယ်တွင် သံလွင်မြစ်ရေ မြင့်တက်မူကြောင့် မြစ်ကမ်းဘေးတွင် နစ်မြုပ်လျက်ရှိသော လူနေအိမ်များအား ဖားဆောင်းမြို့နယ် မြေခံတပ်ရင်း ခလရ ၁၃၅ နှင့် ၁၃၄ ပြည်သူရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖားဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်ညိုနှင့် လူငယ်အဖွဲ့များ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ ရေက မနက်ဖန် ဆက်တက်နေမယ်ဆိုရင် စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးမှ ပြောကြားကြောင်း သတင်းရရှိပါသည်။ ဖားဆောင်းမြို့နယ် ရွှေပြည်တော်သို့ ပရဟိတလူမူကူညီရေးအသင်းကြီးမှလည်း အားကြိုးမာန်တက် ပါဝင်ကူညီလျှက်ရှိကြောင်း သိရှိရပါသည်.။
Mwe Sithu Mwe Sithu