ပညာရေးနှင့် ပတ်သက်သည့် အွန်လိုင်းဗီဒီယို ဇာတ်လမ်းတိုပြိုင်ပွဲ ပြုလုပ်မည်

ကျွန်ုပ် (တို့) မျှော်မှန်းသော ပညာရေးစနစ် ခေါင်းစဉ်နဲ့ ဇာတ်လမ်းတိုပြိုင်ပွဲ ကျင်းပမယ်လို့ သိရပါတယ်။ Youth Society for Education Official Page မှာ ဖိတ်ခေါ်ထားတာဖြစ်ပြီး ပညာရေးစနစ် အရည်အသွေးမြှင့်တင်မှုနဲ့ ပတ်သက်ပြီး ကျောင်းသားလူငယ်တွေရဲ့ ကိုယ်ပိုင်အတွေးအမြင် ထက်သန်စေရန်၊ မိဘပြည်သူများအားလုံး စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ကာ Youth Society for Education က ဦးဆောင်ပြုလုပ် တာဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲဝင်ဇာတ်လမ်းတိုတွေကို September 15 ရက်နေ့ နောက်ဆုံးထား တင်သွင်း ရမြှာ ဖစ်ကြောင်း၊ ဒီနေရာမှ ပြိုင်ပွဲဝင်လျှောက်လွှာကို ရယူဖြည့်စွက် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတွင်းမှာ နေထိုင်နေတဲ့ လက်ရှိမြန်မာနိုင်ငံသားတွေသာ ဝင်ရောက်ပြိုင်ခွင့်ရှိပါတယ်။ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပါဝင်ယှဉ် ပြိုင်နိုင်မှာဖြစ်ပြီး အဖွဲ့လိုက်ယှဉ်ပြိုင်ရာမှာ ငါးဦးထက် မပိုရဘူးလို့ သတ်မှတ်ထား ကြောင်း သိရပါတယ်။ အသေးစိတ်ကို Youth Society for Education ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

-ကျော်ဇေယျ