ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်ပိုစတာစိုက်ထူ

 

တမူး စက်တင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး တမူး ခရိုင်ခမ်းပါတ်မြို့ကနန်ကျေးရွာတွင် ကြားဖြတ်ရွေးကောက်ပွဲ အောင် နိုင်ရေးပိုစတာစိုက်ထူပွဲကို ယနေ့ နံနက် ၁ဝနာရီတွင် ကျင်းပသည်။

အဆိုပါပွဲတွင် ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးရိုထန်းပွီးယာ၊ ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင် ရွှေ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့် အောင်တို့က နှုတ်ဆက်စည်းရုံးရေး စကားများပြောကြားပြီး ခရိုင်အရန် ကော်မတီဝင် ဦးဇိုးရင့်ထန်းငါက တိုင်းရင်းသားဘာသာစကားဖြင့် ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ပါတီဝင် ၃ဝဝ ခန့်တက်ရောက်ခဲ့ပြီး တက်ရောက် လာသူများ၏ မေးမြန်းချက်ကို တာဝန်ရှိသူများက၏ မေးမြန်းချက်ကို တာဝန်ရှိသူများက ရှင်းလင်းဆွေး နွေးကာ အခမ်းအနားကို ကြွေး ကြော်သံများဖြင့်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုကိုရွှေ(တမူး)