သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှင့် အလင်းရောင်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မျက်စိဝေဒနာရှင်တို့အား အခမဲ့ မျက်စိစမ်းသပ်ကုသပေး

 

(30-8-2018) နေ့ နေ့လည် (13:00) နာရီအချိန်တွင် သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်​ ပြည်​ခိုင်​ဖြိုးပါတီနှင့် အလင်းရောင်ဖောင်ဒေးရှင်းတို့ ပူး​ပေါင်း၍ မျက်စိဝေဒနာရှင်တို့အား အခမဲ့ မျက်စိစမ်းသပ်ကုသပေးခဲ့ပါသည်။
အဆိုပါမျက်စိစမ်းသပ်​ကုသရေးပွဲတွင် တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဥက္ကဋ္ဌ ဦးလွင်​ဦးနှင့် ခရိုင်​​ကော်​မတီဝင်​များ၊ သန်​လျင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦ​ကျော်​မင်း၊ အတွင်းရေးမှူး ဦးအောင်ကိုဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်​လူငယ်​များနှင့် အမျိုးသမီးများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ပါသည်။
အလင်း​ရောင်​​ဖောင်​​ဒေးရှင်​မှ ​ဒေါက်​တာ​နေလင်း ဦး​ဆောင်​​သော မျက်​စိဆရာဝန်​များက ​ဝေဒနာရှင်​ (၁၀၀) ​ကျော်​တို့အား စမ်းသပ်​ကုသ​ပေး​နေကြောင်း သိရှိရပါသည်။

USDP သန်လျင်