ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ဆုကို ဒေးဗစ်ဘက်ဟမ်းဆွတ်ခူး
မန်ယူနဲ့အင်္ဂလန်လက်ရွေးင်ဟောင်း ဒေးဗစ်ဘက်ဟမ်းဟာ ယူအီးအက်ဖ်အေဥက္ကဋ္ဌ ကပေးအပ်တဲ့ 2018 UEFA president’s award ကို ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။
ဘက်ဟမ်းဟာ ကစားသမားဘ၀မှာ အောင်မြင်မှုအများအပြားရယူခဲ့သူဖြစ်လို့ အခုလိုချီးမြှင့်ခံရတာဖြစ်ပြီး မိုနာကိုမှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲမှုမှာ ယူအီးအက်ဖ်အေဥက္ကဋ္ဌ အလက်ဇန္ဒားစီဖာရင် ကိုယ်တိုင် ဆုပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဘက်ဟမ်းဟာ ထူးခြားတဲ့အောင်မြင်မှုတွေ ရယူနိုင်တဲ့သူ၊ ပရော်ဖက်ရှင်နယ် ပီသတဲ့သူ၊ လူမှုဘ၀မှာ စံပြအရည်အသွေးတွေပိုင်ဆိုင်သူအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဘက်ဟမ်းဟာ ဒီဆုကို သူ့ဇနီးဗစ်တိုးရီးယားနဲ့အတူ တက်ရောက်ရယူခဲ့ပါတယ်။ သူဟာ မန်ယူအကယ်ဒမီက ထွက်ပေါ်လာပြီး ရီးရဲလ်မက်ဒရစ်၊ ဂလက်ဆီ၊ အေစီမီလန်(၂ ကြိမ်) နဲ့ ပီအက်စ်ဂျီတို့မှာ ကစားခဲ့သူဖြစ်ပါတယ်။
ဘက်ဟမ်းဟာ မန်ယူနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ ၆ ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ရီးရဲလ်နဲ့အတူ လာလီဂါတစ်ကြိမ်၊ ဂလက်ဆီနဲ့ မေဂျာလိဂ်ဖလား ၂ ကြိမ်၊ ပီအက်စ်ဂျီနဲ့ လီဂူး ၁ ချန်ပီယံတစ်ကြိမ်တို့ကို ဆွတ်ခူးခဲ့ပါတယ်။
-Ref; Sky sports