တမူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ
တမူး သြဂုတ် ၂၈
တမူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှင့် တမူးမြို့နယ် ရန်ငြိမ်းအောင် ကျေးရွာ၊ဝိတုတ်ရွာမဝိတုတ်ရွာသစ် ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံပွဲကို ကျေးရွာပါတီရုံး၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေနှင့် ခရိုင်ကော်မတီ ဝင် ဦးမျိုးမျိုးတို့က လက်ရှိနိုင်ငံ ရေးအခြေအနေများ၊ ပါတီ၏ယနေ့ အမျိုးသားရေးဆောင်ရွက်ချက်များ၊ ကြားဖြတ်ရွေးကောက်ပွဲတွင်ဆောင် ရန်ရှောင်ရန်အချက်များကိုရှင်းလင်း ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာ သူများ၏ တင်ပြချက်များနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များကို ရှင်းလင်းဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ကိုကိုရွှေ(တမူး)