တောင်ကိုရီးယားဘောလုံးအသင်း နိုင်ပွဲဆက်၍ ဆွန်ဟောင်မင်၏ ရွှေတံဆိပ်မျှော်လင့်ချက် ဆက်လက်ရှင်သန်

တောင်ကိုရီးယား ဘောလုံးအသင်းသည် တစ်ဦးလျော့ ဥဇဘက်ကစ္စတန်ကို နောက်ကျဂိုးဖြင့် ၄-၃ ဂိုးဖြင့် နိုင်ကာ အာရှအားကစားပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ သြဂုတ် ၂၇ ရက် က တက်ရောက်ခဲ့၍ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်၏ စစ်မှု ထမ်းခြင်းမှ ကင်းလွတ်ရေး မျှော်လင့်ချက်ရှင်သန်ခဲ့သည်။

ဟွမ်အီဂျို၏ ဟက်ထရစ်ဂိုးဖြင့် အချိန်ပိုအထိ ကစားခဲ့ရာတွင် ဟွန်ဟီချန်က နောက်ဆုံးမိနစ်၌ ရသော ပင်နယ်တီကို ခေါင်းအေးအေးထား၍ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

ဂျကာတာ၌ အာရှအားကစားပြိုင်ပွဲကစားနေရ၍ စပါး၏ ပရီးမီးယားလိဂ် ရာသီအစပိုင်း ပွဲများနှင့် လွဲချော်နေသော ဆွန်ဟောင်မင်သည် ကိုရီးယား ယူ- ၂၃ အသင်း၏ သက်ကြီးကစား သမားသုံးဦးအနက် တစ်ဦးဖြစ်ပြီး တောင်ကိုရီးယားတွင် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရေး ရွှေတံဆိပ်ဆုလိုအပ်နေသည်။

တောင်ကိုရီးယားဥပဒေတွင်  ခန္ဓာကိုယ်အခြေအနေအရ တာဝန်ထမ်းနိုင်သူ အမျိုးသားတိုင်းသည် အသက် (၂၈) နှစ် မပြည့်မီ ၂၁ လကြာ စစ်မှုထမ်းရမည်ဟု သတ်မှတ်ထားသည်။ အသက် (၂၆) နှစ်ရှိပြီဖြစ်သော ဆွန်ဟောင်မင် အနေဖြင့် တောင်ကိုရီးယားအသင်းနှင့်အတူ ရွှေတံဆိပ် (သို့မဟုတ်) အာရှအားကစားပြိုင်ပွဲ ချန်ပီယံဖြစ်ပါက စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ရမည်ဖြစ်သည်။

လက်ရှိချန်ပီယံ တောင်ကိုရီးယားသည်   ယခုထိအခြေအနေ ကောင်းမွန်နေသည်။ ဟွန်အီဂျိုက တောင်ကိုရီးယား အတွက် ဦးဆောင်ဂိုးသွင်းပြီးနောက် ဥဇဘက်ကစ္စတန်က ချေပခဲ့သော်လည်း ၎င်းက ထပ်မံသွင်းယူခဲ့၍ ပထမပိုင်းတွင် ၂-၁ ဂိုးဖြင့် တောင်ကိုရီးယားက ဦးဆောင်နိုင် ခဲ့သည်။

သို့သော် ဒုတိယပိုင်းတွင် အလီဗေ့ဗ်၏ သွင်းဂိုးနှင့် တောင်ကိုရီးယား နောက်ခံလူ ဟွန်ယွန်ဆူးကို ထိ၍ လမ်းကြောင်းပြောင်းပြီး ကိုယ့်ဂိုးကိုယ်သွင်းမိသော ဂိုးတို့ကြောင့် ဥဇဘက်ကစ္စတန်က ၃-၂ဂိုးဖြင့် ဦးဆောင်ခဲ့ သည်။ ဟွန်အီဂျိုက တောင်ကိုရီးယားအတွက် တတိယဂိုးကို သွင်းပြီးချေပခဲ့ရာ အချိန်ပိုထိ ကစားခဲ့ရသည်။

အချိန်ပိုတွင် တောင်ကိုရီးယားကစားသမားတစ်ဦးကို ဆွဲထားသဖြင့် အလီဗေ့ဗ်ထုတ်ပယ်ခံရပြီး ၁၁၈ မိနစ်၌ ဟွန်အီဂျို ကို ဥဇဘက်ကစ္စတန်နောက်ခံလူ အရွှာမာတော့ဗ် ကစားပုံကြမ်း တမ်းသောကြောင့် တောင်ကိုရီးယား ပင်နယ်တီ ရရှိခဲ့သည်။ ယင်းကို ဟွန်ဟီချန်ကခေါင်း အေးအေးဖြင့် ဂိုးအဖြစ်ပြောင်းလဲ ခဲ့၍ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ တောင်ကိုရီးယားသည် ဆီးရီးယားနှင့် ဗီယက်နမ်ပွဲမှ အနိုင်ရသောအသင်းနှင့် ရင်ဆိုင် ရမည်ဖြစ်ပြီး ဆီမီးဖိုင်နယ် ပွဲများကို ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည်ဖြစ်သည်။

—Ref:Reuters