မက္ကဆီကိုနဲ့ အမေရိကန် ကုန်သွယ်ရေးသဘောတူညီမှုသစ်ရကာ ကနေဒါအတွက် ဖိအားဖြစ်

ဝါရှင်တန်၊ သြဂုတ် ၂၈

၁၉၉၄ ခုနှစ်က စတင်အသက်ဝင်တဲ့ မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီမှုကို အစားထိုးပြီး မက္ကဆီကိုနဲ့ မယုံနိုင်စရာ သဘောတူညီမှု ပဋိညာဉ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၂၇ ရက်မှာ ကြေညာပါတယ်။

ဒီအတွက် မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီမှုမှာ ပါဝင်ခဲ့တဲ့ ကနေဒါနိုင်ငံအတွက် မရေမရာဖြစ်ကျန်ရစ်ပြီး ဖိအားသက်ရောက် ခံရတော့တာပဲ ဖြစ်ပါတယ်။

အမေရိကန်-မက္ကဆီကို ကုန်သွယ်ရေးသဘောတူညီမှုဟာ နှစ်နိုင်ငံစလုံးအတွက် အမှန်ကယ် ကောင်းမွန်တဲ့ သဘောတူညီမှုပဲ ဖြစ်တယ်လို့ ထရမ့်က အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒီလို ပြောဆိုပြီးနောက်မှာ မီဒီယာတွေရှေ့မှောက်မှာပဲ ထရမ့်က မက္ကဆီကိုသမ္မတ အန်းရစ်ပီညာနက်တိုးနဲ့ ဖုန်းခေါ်ဆိုခဲ့ပါတယ်။

ကနေဒါနိုင်ငံနဲ့လည်း မကြာမီမှာ သဘောတူညီချက်သစ် လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်သွယ်ဆောင်ရွက်ဖို့ စီစဉ်ထားကြောင်းလည်း ထရမ့်က ပြောပါတယ်။

“ရှိဆဲ သဘောတူညီချက်တွေကို ကျွန်တော် အဆုံးသတ်မှာ ဖြစ်ပါတယ်။ ခု ရရှိတဲ့ သဘောတူညီချက်နဲ့ပဲ ရေရှည်သွားတော့မှာ ဖြစ်ပါတယ်။”လို့ ထရမ့်က ဆိုပါတယ်။

မက္ကဆီကိုနဲ့ ချုပ်ဆိုတဲ့ သဘောတူညီချက်ဟာ ကုန်သွယ်ရေးအတွက် ကြီးမားတဲ့ နေ့ရက်တစ်ရက်အဖြစ် မှတ်တမ်းတင်စရာပဲ ဖြစ်ကြောင်း ထရမ့်က ပြောခဲ့ပါတယ်။

Mizzima