JMC ကိုယ်စားလှယ်များ နော်ဝေးနိုင်ငံသို့ ငြိမ်းချမ်းရေးဖြစ်စဉ် သွားရောက်လေ့လာ

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာပူးတွဲစောင့်ကြည့်ရေးကော်မ တီ(JMC-U)ကိုယ်စားလှယ် အဖွဲ့ သည် ငြိမ်းချမ်းရေးလေ့လာရေး ခရီးအဖြစ် ဩဂုတ် ၂၄ ရက်က နော်ဝေးနိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း JMC က သတင်းထုတ်ပြန်သည်။ JMC-U ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဥက္ကဋ္ဌ(၁) ဗိုလ်ချုပ်စောအိုင်းဇက်မိုး (KNU ကိုယ်စားလှယ်)က ဦးဆောင်ပြီး ကော်မတီဝင် ၁၅ဦးနှင့်နည်းပညာအထောက် အကူပြုရုံးဝန်ထမ်းများ အပါအ၀င် ၁၈ ဦးလိုက်ပါကာ ဩဂုတ်၃၀ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း ယမန်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ခရီးစဉ်အတွင်း ငြိမ်းချမ်း ရေးဆိုင်ရာကူညီပံ့ပိုးမှုအစီအစဉ်များကို လေ့လာမည်ဖြစ်ကာ ဖိလစ်ပိုင်နှင့်ကိုလံဘီယာ နိုင်ငံတို့၏ ငြိမ်းချမ်းရေးဆောင်ရွက်မှု တွေ့ရှိချက်များကိုလည်း လေ့လာမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။ ‘‘တစ်ပတ်ကြာ ခရီးစဉ်အတွင်းမှာ အဲဒီနိုင်ငံမှာရှိတဲ့အစိုးရရော၊ အစိုးရမဟုတ်တဲ့ငြိမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ရောတွေ့ပြီး အမြင်ချင်း ဖလှယ်တာ တွေလည်းရှိပါမယ်’’ ဟု ခရီးစဉ်တွင်ပါဝင်သည့်ပြည် ထောင်စုအဆင့် JMC အလုပ်အ ဖွဲ့တာဝန်ရှိသူက ပြောသည်။

တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ၊ ပဋိပက္ခများ မဖြစ်ပွားရေး၊ ပြဿနာများဖြစ် ပေါ်လာပါက ပြေလည်မှုရရှိရန် ဆောင်ရွက် ရေး၊ ပြည်ထောင်စု အဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်နှင့် ဒေသအဆင့် JMC များကို နှစ်ဖက်ကိုယ်စားလှယ်များ၊ အရပ်သား ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသည်။