မေတ္တာအခါတော်နေ့တွင် ဖျာပုံမြို့ ရှေးဟောင်းဆုတောင်းပြည့်အနန္တသကျမုနိမြောက်ပိုင်းဘုရားကြီးဘုရားအနေကဇာတင် ရွှေသင်္ကန်းဆက်ကပ်ပူဇော်ပွဲနှင့် ရေစက်ချလှူဒါန်းပွဲကျင်းပ

 

ဖျာပုံ သြဂုတ် ၂၆

ဖျာပုံမြို့ မြောက်ပိုင်းအရပ်ရှိ ရှေ့ဟောင်းသမိုင်းဝင် အနန္တသကျ မုနိ ယိမ်းကိုယ်တော်ကြီး ရုပ်ပွား တော်၊ ယိမ်းညွှန့်ကိုယ်တော်ကြီး ရုပ်ပွားတော်၊ညွှန့်ပေါင်းကိုယ်တော် ကြီးရုပ်ပွားတော်၊ ဘုငါးဆုရုပ်ပွား တော်များအား ဘုရားအနေကဇာ တင်၊ ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ၊ အလှူရှင်များအား ဂုဏ်ပြုလွှာပေး အပ်ပွဲနှင့် ရေစက်သွန်းချလှူဒါန်း ခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းက မြောက်ပိုင်းဘုရားကြီး၌ အလှူတော်အခမ်းအနားကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေသင်္ကန်းကပ်လှူ ပူဇော် ရေစက်ချလှူဒါန်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်တက်ရောက်ခဲ့ပြီး ပါဝင် လှူဒါန်းမှုပြုခဲ့ကြောင်း သိရသည်။

ဝါခေါင်လပြည့်နေ့ နံနက် အရုဏ်တက် ၄ နာရီခွဲတွင် ဆရာ တော် သံဃာတော်အရှင်သူမြတ်တို့ က ဘုရားအနေကဇာတင်လှူကြ ပြီး ဘုရားအမှူးပြုသော သံဃာ တော်အရှင်သူမြတ်တို့အား အရုဏ် ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီးနောက်ြ<ွကရောက်လာသော ဧည့်ပရိတ်များ အား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေး မွေးလှူဒါန်းခဲ့ပြီးနောက် နံနက် ၉ နာရီတွင် မြောက်ပိုင်းဘုရားကြီး ရုပ်ပွားတော်များအား ကျပ်သိန်း ၁၄ဝနီးပါး(၁၃၉၃၉၂၈ဝ၆)အကုန် ကျခံကာ ရွှေသင်္ကန်းဆက်ကပ်လှူ ဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှအတန်းပေးဝေကာ အလှူရှင် များအား မြောက်ပိုင်းဂေါပကအဖွဲ့ က ဂုဏ်ပြုမှတ်တမ်းလွှာများကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရသည်။

မြောက်ပိုင်းဆုတောင်းပြည့် အနန္တသကျမုနိဘုရားကြီးတွင် တည်ထားကိုးကွယ်သော ညွှန့် ပေါင်းရုပ်ပွားတော်ကြီးကို ၁၂၄၅ ခုနှစ်တွင်လည်ကောင်း၊ ယိမ်းကိုယ် တော်မြတ်ကြီး ရုပ်ပွားတော်ကို ၁၂၅၁ ခုနှစ်တွင်လည်းကောင်း၊ ယိမ်းညွှန့်ရုပ်ပွားတော်မြတ်ကြီးကို ၁၂၆၆ ခုနှစ်တွင်လည်းကောင်း တည်ထားကိုးကွယ်ခဲ့ကြောင်း သိရ သည်။

အခမ်းအနားသို့ ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊အလှူ ရှင်များ၊ ခရိုင်နှင့်မြို့နယ် ဌာန ဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ကျော်စိုးမိုး(ဖျာပုံ)