ကင်ဆာဝေဒနာသည်ကလေးငယ်ကို အဂူရိုက အိမ်သို့ဖိတ်ခေါ်ပြီး လက်ဆောင်ပစ္စည်းများပေး
မန်စီးတီးတိုက်စစ်မှူး အဂူရိုကြောင့် ကင်ဆာဝေဒနာသည် မန်စီးတီးပရိသတ် ကလေငယ်တစ်ဦးသည် ကင်ဆာရောဂါ နှင့် တိုက်ပွဲဝင်နေရခြင်းမှခဏတာ အနားယူခွင့်ရရှိခဲ့သည်။
အသက် (၁၀) နှစ်အရွယ် ကူလမ်ဖွိုင်းကို အဂူရိုက ၎င်း၏ နေအိမ်၌ နွေးထွေးစွာကြိုဆိုခဲ့ပြီး လက်မှတ် ထိုးထားသော တီရှပ် တစ်ထည်နှင့် ဖိနပ်တစ်ရန်ကို လက်ဆောင်ပေးခဲ့သည်။
ဦးနှောက်တွင်လည်း ခွဲစိတ် ဖယ်ရှား၍ မရနိုင်သော အကျိတ် တစ်ခုရှိနေသူ ကူလမ်ဖွိုင်းသည် ၎င်း၏ မိသားစု၌ အငယ်ဆုံးဖြစ်ပြီး လည်ပင်းကင်ဆာအတွက် ဆေးဝါးကုသမှုခံယူနေရသည်။
ကူလမ်ဖွိုင်းကို ဖိတ်ခေါ် တွေ့ဆုံခဲ့ပြီးနောက် အဂူရို (၂၉) တချို့နဲ့အတူ ကျွန်တော်တို့ အချိန်တချို့ ဖြတ်သန်းခဲ့ ပါတယ်။ ဒါက တကယ့်ကို ကြည်နူးဖို့ ကောင်းခဲ့ပါတယ်။ ကူလမ်ရေ မင်းလည်းပဲ ငါတို့နဲ့တွေ့ရတာ ပျော်ရွှင်မယ်လို့ ငါမျှော်လင့်ပါတယ်။ ငါ့လက်မှတ်ထိုးထားတဲ့ အထူးဖိနပ်တစ်ရန်ကိုလည်း မင်း နှစ်သက်လိမ့်မယ်လို့ ငါမျှော်လင့် ပါတယ်’’ ဟု တွစ်တာ၌ ရေးသားခဲ့သည်။
၂၀၁၁ တွင် အက်သလက်တီကိုမက်ဒရစ်မှ ရောက်လာပြီး နောက်ပိုင်း မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၂၀၈ ပွဲ၌ ၁၄၆ ဂိုးသွင်းယူထားသည့် အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုသည် မန်စီးတီး၏ ထာဝရဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေသည်။
—Ref:FourFourtwo