VAR သာရှိခဲ့ရင် နောက်ဆုံးချန်ပီယံလိဂ်ဖလား ၂ ကြိမ်ကို ရီးရဲလ်မက်ဒရစ် မရနိုင်ဘူးလို့ ဗီဒဲလ်က ပြော

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ VAR စနစ်ကိုသာ အသုံးပြုခဲ့မယ်ဆိုရင် ရီးရဲလ်ဟာ သူတို့ရခဲ့တဲ့ နောက်ဆုံးချန်ပီယံလိဂ် ဖလား ၂ ကြိမ်ကိုရနိုင်မှာ မဟုတ်ဖူးလို့ ဘာစီလိုနာကွင်းလယ်လူ ဗီဒဲလ်က ပြောလိုက်ပါတယ်။

ချီလီလက်ရွေးစင် ဗီဒဲလ်ဟာ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကိုပြောင်းလာတဲ့သူဖြစ်ပြီး သူ့အသင်းရဲ့ မဟာပြိုင်ဘက် ဖြစ်တဲ့ ရီးရဲလ်ကို တိုက်ခိုက်ပြောကြားလိုက်ခြင်းလည်းဖြစ်ပါတယ်။ ဗီဒဲလ်ဟာ ဘိုင်ယန်နဲ့အတူ ၂၀၁၆-၁၇ ဘောလုံးရာသီကွာတားဖိုင်နယ်နဲ့ ပြီးခဲ့တဲ့ရာသီတုန်းက ဆီမီးဖိုင်နယ်တို့မှာ ရီးရဲလ်ကိုရင်ဆိုင်ခဲ့ပြီး အရေးနိမ့်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနှစ်ကြိမ်စလုံးမှာ ဒိုင်တွေရဲ့အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်တွေက ဘိုင်ယန်ကို နစ်နာစေခဲ့တာပါ။ အထူးသဖြင့် ၂၀၁၇ ဧပြီလမှာကစားခဲ့တဲ့ ကွာတားဖိုင်နယ်ဒုတိယအကျော့မှာဆိုရင် ဗီဒဲလ်ထုတ်ပယ်ခံရမှုက အငြင်းပွားစရာဖြစ်ခဲ့ရတာပါ။ အဲဒီပွဲမှာဆိုရင် နှစ်ပွဲပေါင်း ရလဒ် ၃-၃ သရေကျနေလို့ အချိန်ပိုဆက်ကစားရာမှာ ရီးရဲလ်က စီရော်နယ်ဒိုရဲ့ ၂ ဂိုးအပါအ၀င် ၃ ဂိုးထပ်သွင်းသွားတာပါ။ ဒါပေမယ့် စီရော်နယ်ဒိုရဲ့ဒုတိယ ဂိုးဟာ လူကျွံနေတယ်လို့ သတ်မှတ်ခံခဲ့ရလို့ VAR သာရှိရင် ရီးရဲလ်မလွယ်ကူနိုင်ဘူးလို့ ဗီဒဲလ်ကဆိုခဲ့တာဖြစ်ပါတယ်။

ဗီဒဲလ်က”VAR နဲ့သာဆိုရင် ဘိုင်ယန်ဟာချန်ပီယံလိဂ်ဖလား ၂ လုံးထပ်ရပြီး ရီးရဲလ်ကတော့ ၂ ကြိမ် ဆုံးရှုံးမှာ ဖြစ်ပါတယ်။ အငြင်းပွားစရာတွေက ဘိုင်ယန်ကို နစ်နာစေခဲ့ပါတယ်။ ကျွန်တော်က ဆုဖလားအားလုံးကို လိုချင်ပေမယ့် အလိုချင်ဆုံးကတော့ ချန်ပီယံလိဂ်ပါဘဲ”လို့ ပြောသွားပါတယ်။

-Ref; Sky sports