ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချောင်းဆုံမြို့နယ်အတွင်းရှိ ပါတီဝင်ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး

 

ချောင်းဆုံ၊ သြဂုတ်၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ဗဟိုအလုပ်​အမှု​ဆောင်​ ပြည်​နယ်​ပါတီဥက္ကဋ္ဌ ဦး​အောင်​ကြည်​သိန်း၊ ပါတီဗဟို​ကော်​မတီဝင်​ ​ဒေါက်​တာနန္ဒာလှမြင့်​နှင့်​ ပြည်​နယ်​ ပါတီကော်မတီဝင်များ၊ခရိုင်ပာတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင်​ ၊မြို့နယ်များမှပါတီ​ကော်​မတီဝင်​များ၊ ရပ်​ကွက်​​ကျေးရွာပါတီဥက္ကဋ္ဌများနှင့်​ ပါတီဝင်​လူငယ်များ သြဂုတ်လ၂၃ ရက်နေ့ ည​နေ ၄ နာရီခွဲ အချိန်၌ ချောင်းဆုံမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ​ဆောင်တွင်တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲတွင် ရပ်​ကွက်​နှင့်​​ကျေးရွာပါတီဥက္ကဋ္ဌများမှပါတီဥက္ကဋ္ဌအား ပါတီ၏ရပ်/ကျေး အခြေအ​နေ၊ ပါတီဝင်စည်းရုံးရရှိထားမှု အခြေအနေများအားတင်​ပြကြပြီး သိရှိလိုသည်များကို​မေးမြန်းခဲ့ကြသည်။

ထို့​နောက် ​ပါတီဥက္ကဋ္ဌဦးသန်းဌေးမှ ပါတီလက်ရှိဆောင်ရွက်နေသောလုပ်ငန်းစဉ်များ၊ ချမှတ်ထားသောမူဝါဒ၊ရည်မှန်းချက်များအားအကောင်အထည်ဆောင်ရွက်နေမှုအခြေအနေများအား တက်ရောက်လာသူများအားချပြရှင်းလင်းခဲ့ပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား လမ်းညွန်မှာကြားခဲ့ပြီးနောက် ​တွေ့ဆုံ​ဆွေး​နွေးမှုအခမ်းအနားအား ရုပ်​သိမ်းခဲ့သည်​။