မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုပျက်သွားသော အိမ်အား ပြန်လည်တည်ဆောက်ပေး

 

မအူပင် သြဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးသန်းစိုး ဦးဆောင်သော ကျေးရွာပါတီဝင်များသည် ယမန်နေ့၌ မအူပင်မြို့နယ် ကဝက္ကင်းကျေးရွာ အုပ်စု စာဖြူစုကျေးရွာ ဆည်မြောင်းတာပေါင်ဘေးတွင် နေထိုင်သော ပါတီဝင် ဒေါ်စန်းယုံ၏ သဘာဝဘေးအန္တရာယ်ကြောင့်ပြိုပျက်သွားသော နေအိမ်အား ပြန်လည်ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေါ်စန်းယုံတွင် မိသားစုအဖြစ် သမီးလူမမည်သုံးယောက် နှင့်အတူနေထိုင်လျက် ပြီးခဲ့သည့်လပိုင်းက သဘာဝဘေးအန္တရာယ်ကြောင့် အိမ်ပြိုသွားခဲ့သည်။ ထို့အတွက် ဆည်မြောင်းပေါင်ပေါ်၌ မြေစိုက်တဲထိုး နေထိုင်ခဲ့ရရာ ကျေးရွာပြည်ခိုင်ဖြိုးပါတီဝင် ဦးမျိုးမင်း-ဒေါ်အေးမြစန်း မိသားစုက ငွေကျပ်တစ်သိန်းမတည်ပြီး မြို့နယ်နှင့် ရပ်/ကျေးပါတီများမှ လိုအပ်သည်များ ထပ်မံဖြည့်ဆည်းကာ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)