ဖြိုးစေတနာအခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

ရန်ကုန် သြဂုတ် ၁၉

ရန်ကုန်မြောက်ပိုင်းခရိုင် တိုက် ကြီးမြို့နယ် အောက်ရေကန်ကုန်း ကျေးရွာတွင် ခရိုင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်သော ဖြိုးစေတနာ(အခ မဲ့) နယ်လှည့်အထွေထွေရောဂါ ဆေးကုသရေးအဖွဲ့မှ နယ်လှည့် ဆေးကုသရေး အဖွဲ့ခေါင်းဆောင် မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီဘဏ္ဍာရေးမှူး ဦးကြည်စိုး ဦးဆောင်သော ခရိုင်ကော်မတီဝင် ဦးဝင်းစိုးနှင့် ကော်မတီဝင်များ၊ တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ် ကော်မတီဝင်များ၊ အောက်ရေကန် ကုန်းကျေးရွာ ပါတီဥက္ကဋ္ဌ ဦးသိန်း ခိုင်နှင့် ကော်မတီဝင်များ၊ အထူး ကု ဆရာဝန်ကြီးများနှင့် ဆရာဝန်၊ သူနာပြု၊ဆေးဝါးကျွမ်းကျင်သူများ ပါဝင်သော ဆေးကုသရေးအဖွဲ့ သည် တိုက်ကြီးမြို့နယ် အောက် ရေကန်ကုန်းကျေးရွာ၌ ကျေးရွာ နေမိဘပြည်သူများအား ယနေ့ နံနက် ၉နာရီမှစတင်၍ အနောက် တိုင်းဆေးဝါးဖြင့် အခမဲ့ဆေးဝါး ကုသမှုပြုလုပ်ပေးခဲ့သည်။

အဆိုပါဆေးကုသမှု ဆောင် ရွက်ရာတွင် မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာရေးမှူး ဦးကြည်စိုး၊ ခရိုင်ကော်မတီဝင် ဦးဝင်းစိုး၊ တိုက်ကြီးမြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် နှင့်ကော်မတီဝင်များ၊ ကျေးရွာ ပါတီဥက္ကဋ္ဌဦးသိန်းခိုင်နှင့် ကော်မ တီဝင်များက ဆေးကုသမှုလာ ရောက်ခံယူနေသော မိဘပြည်သူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက် ကာ အားပေးစကားပြောကြားခဲ့ ပြီး လိုအပ်ချက်များအားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ခြင်းနှင့် ဆေး ကုသမှုလာရောက်ကြသူများအား ညနေ ၅ နာရီအထိ ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

မြင့်သိန်း(လှိုင်သာယာ)