မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်တင်ပွဲများကျင်းပ

 

မလှိုင် သြဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီးမလှိုင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဆိုင်းဘုတ် သစ်တင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မလှိုင်မြို့နယ် ကံကြီးကျေးရွာ၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆိုင်းဘုတ်တင်ပွဲအခမ်း အနားသို့ မလှိုင်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးစိုးသိန်း ဦးဆောင် သော မြို့နယ်ပါတီကော်မတီဝင် များနှင့် ကံကြီးကျေးရွာ ရပ်/ ကျေးပါတီဝင်အင်အား ၅ဝကျော် တက်ရောက်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ မင်္ဂလာအချိန်တွင် စိုက်ထူပေးခဲ့သည်။

အလားတူ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီ ဆိုင်းဘုတ်တင်ပွဲကို ယနေ့နံနက် ၉နာရီ ၄၅မိနစ်တွင် မလှိုင်မြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုအောင်စည် ကျေးရွာ အမာခံပါတီဝင်အိမ်တွင် ကျင်းပခဲ့ပြီး ပါတီဆိုင်းဘုတ်ကို စိုက်ထူပေးခဲ့သည်။ ယင်းနောက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုးသိန်းသည် မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်/ကျေးပါတီဝင် များနှင့်အတူ အောင်စည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွား ရောက်၍ ဝါဆိုသင်္ကန်းများ ဆက် ကပ်လှူဒါန်းပြီး နဝကမ္မအလှူငွေ ကျပ်၂ဝဝဝဝကိုပါ ထပ်မံလှူဒါန်း ခဲ့သည်။ ထို့နောက် အောင်စည် ကျောင်းဆရာတော်ထံမှ လှူဒါန်း မှု အစုစုအတွက် ရေစက်ချတရား နာယူကာ အမျှအတန်းများပေးဝေ ခဲ့ကြကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)