ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

 

ရန်ကုန် သြဂုတ် ၁၉

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီ ရုံးတွင် နှစ်စဉ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁ဝနာရီတွင် မြို့နယ်ပါတီရုံး၌ကျင်းပရာ အခမ်းအနားသို့ ပါတီဗဟို ကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီကော်မတီမှ ဒေါ်စန်းစန်းဝင်း၊ တိုင်းပါတီနာယက ဒေါက်တာခင်မောင်ထွန်းနှင့်ဇနီး ဒေါ်ဥမ္မာသန်း (ထက်လင်းနှင့် ရွှေခေါင်းပေါင်းဆေးတိုက်)မိသားစု၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါက်တာနေလင်း၊ အရှေ့ပိုင်းခရိုင် ဘဏ္ဍာရေးမှူး ဦးဝဏ္ဏမျိုး၊ မြို့နယ်ဥက္ကဋ္ဌဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်သာသနနုဂ္ဂဟအဖွဲ့ဝင်များ၊ ပါတီနာယက အကြံပေးအဖွဲ့ဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ လူငယ်အမျိုးသမီးအဖွဲ့ ဝင်များက ဝါဆိုသင်္ကန်းများကိုဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဆရာတော်တိပိဋကဓမ္မဘဏ္ဍာ ဂါရိက တိပိဋကပါဠိပါရဂူ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသီလက္ခန္ဓာဘီဝံသမှ သီလပေးတရားဟောကြားပြီး တက်ရောက်လာကြသူများမှ တရားတော် နာကြားကြသည်။ ထို့နောက် ဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်းက ဆရာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ဒေါက်တာ ခင်မောင်မောင်ထွန်းနှင့်ဇနီးမိသားစုမှ ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးဝဏ္ဏမျိုး၊ မြို့နယ် ဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်အဖွဲ့စည်းအသီးသီးမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ရပ်ကွက်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ အလှူရှင် အသီးသီးမှ စုပေါင်းလှူဒါန်းခြင်းကိုပြုလုပ်ခဲ့ပြီး ဗုဒ္ဓသာသနံသုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းပြီး ဆရာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇော်မင်းထွန်း(ဒဂုံတောင်)