တိုင်းဒေသကြီးပါတီကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ခရိုင်မြို့နယ် ကော်မတီဝင်များနှင့်တွေ့ဆုံ

 

မအူပင် သြဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်နှင့် မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ စဉ်ဆက်မပြတ် ပါတီဝင်များနှင့်တွေ့ဆုံပွဲအား ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီခွဲထိ မအူပင်မြို့နယ် လင်္ကျားကြီးကျေးရွာအုပ်စု ကျေးရွာပါတီကော်မတီဝင် ဦးထွန်းထွန်းဦးနေအိမ်၌ ပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲ၌ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် မအူပင်ခရိုင် တာဝန်ခံ ဦးသန်းထွန်းနှင့် ခရိုင်/မြို့နယ် ပါတီမှ တာဝန်ရှိသူများက မိမိ ပါတီ၏ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ နိုင်ငံတော်၏ အခြေအနေများကို ရှင်းလင်းပြောကြားခြင်း၊ မရှင်းလင်း၍ ပြန်လည် မေးမြန်းမှုအပေါ် ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးရန်နိုင်နှင့် ခရိုင်ပါတီကော်မတီဝင် ဦးဝင်းကျော်ကျော်၊ မအူပင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ လင်္ကျားကြီးကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်မြင့်နှင့် ကျေးရွာ ပါတီကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရ သည်။

ဖြိုးမောင်ဇော်(မအူပင်)