ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများအား ထမင်းဟင်းများဝေငှ
ရန်ကုန်၊ သြဂုတ် ၁၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၉၃) ရပ်ကွက်ရှိ ရေဘေးသင့် ပြည်သူများအား ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် ဒေါ်လဲ့လဲ့အေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်ဝင်း၊ အတွင်းရေးမှူး ဦးခင်မောင်ဝင်း၊ ဘဏ္ဍာရေးမှူး ဦးဇင်မင်းထွန်း၊ လူ ငယ်ဥက္ကဋ္ဌ ဦးကျော်သူရနှင့် လူငယ်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ယမန်နေ့ ညနေ ၅ နာရီခွဲမှ စတင်၍ ရေဘေးသင့်ပြည်သူများအား ညနေစာအဖြစ် ထမင်းဟင်းများကို အိမ်တိုင်ရာရောက် လိုက်လံဝေငှ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထွန်း(ဒဂုံဆိပ်ကမ်း)