ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပ
ထီးချိုင့်၊ သြဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းအုပ်စု မောင်းကုန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီအခြေစိုက်ရုံးတွင် ကျေးရွာပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိန်ကြိုင်နှင့် ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမင်းသန်းတို့က မင်္ဂလာအချိန်တွင် ပါတီဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ အခြေစိုက်ရုံးတွင် ဆိုင်းဘုတ်တင်ကာ နိုင်ငံတော်အလံအားအလေးပြုကြပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိန်ကြိုင်က အမှာစကားပြောကြားကာ မွန်းလွဲ ၁ နာရီ တွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
အခမ်းအနားသို့ ကသာခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ထီးချိုင့်မြို့နယ်တာဝန်ခံ ဦးစိုးစိုး၊ ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိန်ကြိုင်နှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပါတီဝင်များ၊ မောင်းကုန်းကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌဦးစိုးမင်းသန်းနှင့် ပါတီဝင်များ စုစုပေါင်းအင်အား ၁၅ဝ ကျော် တက်ရောက်ခဲ့ကြသည်။
ဇွဲမာန်(ထီးချိုင့်)