မြစ်ကြီးနားမြို့ ဘောလုံးအဖွဲ့ချုပ်ဖလားပြိုင်ပွဲကျင်းပမည်
မြစ်ကြီးနား သြဂုတ် ၁၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး၍ အသက် ၁၈နှစ်အောက် ဘောလုံး ပြိုင်ပွဲအား ယခုလ ၂၄ ရက်မှ စတင်ကာ အောက်တိုဘာ ၁ဝရက် အထိ နားရက်မရှိ မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးအားကစားကွင်း အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှူးရုံးအစည်းအဝေး ခန်းမတွင်ကျင်းပသည့် ပြိုင်ပွဲ ကျင်းပရေးညှိနှိုင်းအစည်းအဝေး တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။
အခမ်းအနားတွင် မြစ်ကြီးနား မြို့ ဘောလုံးအဖွဲ့ချုပ်နာယက၊ ကချင်ပြည်နယ် အခမဲ့ဆေးကုသ ရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးခက် ထိန်နန်နှင့်နာယက၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမီ ထွယ်ဇော်လတ်တို့က ပြိုင်ပွဲကျင်းပ မည့်အစီအမံများနှင့် ပြိုင်ပွဲတွင် အသက် ၁၈ နှစ်အောက် မျိုးဆက် သစ်အားကစားသမားများ မွေး ထုတ်နိုင်ရေး၊ ထူးချွန်ဘောလုံး အားကစားသမားများရွေးချယ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင် ဆန်းခရိုင် လူငယ်ဘောလုံးအသင်း နှင့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်နိုင်ရေး ကိစ္စ ရပ်များကို ပေါင်းစပ်ညှိနှိုင်းဆွေး နွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာ သည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ဘောလုံးအသင်းများမှ နည်းပြများက မြို့နယ်ဘောလုံး အဖွဲ့ချုပ်ဖလားပြိုင်ပွဲကျင်းပနိုင်ရေး အသင်းများစာရင်းပေးသွင်းခြင်း၊ ပြိုင်ပွဲရက်သတ်မှတ်နိုင်ရေးမဲစနစ် ဖြင့် ဖွင့်လှစ်သတ်မှတ်ခြင်းတို့ ဆောင်ရွက်ကြကာ အဆိုပါပြိုင်ပွဲ တွင် ရပ်ကွက်/ကျေးရွာအသီးသီး မှ ပြိုင်ပွဲဝင်အသင်း ၂ဝ ပါဝင်ယှဉ် ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
မိုဃ်းကျ(မြစ်ကြီးနား)