ပြည်နယ်ပါတီ နှင့် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

ဖရူဆို – သြဂုတ် ၁၅

ယနေ့ (၁၅-၈-၂၀၁၈)ရက်နေ့ နံနက် (၁၀း၁၅) နာရီ မှနေ့လည်( ၁၂း၃၀) နာရီအချိန်အထိ ကယားပြည် နယ် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်နယ် လွိုင်ကော်ခရိုင်နှင့် ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက်ရမည့် လုင်ငန်းများအတွက် အသေးစိတ် ဆွေးနွေးကြပါသည်။
ပထမဦးစွာ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ယာယီအတွင်းရေးမှူး ဦးကျော်မြင့်မှ အဖွင့် အမှာ စကားပြောကြားသွားပါသည်။
ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးလူရယ်ဖိုးလူ ပြည်နယ်ကော်မတီဝင် ဦးတင်ဦး ဦးရဲဝင်း ဦးကျော်သင်း ဒေါ်မော်မော်ခိုင် ဖရူဆိုမြို့နယ် တာဝန်ခံ ဦးမော်ရယ်တို့က အသီးသီး ဆွေးနွေး သွားပါသည်။
ယင်းနောက် ဖရူဆိုမြို့နယ်ပါတီဥက္ကဌ ဦးဆားရယ် မြို့နယ်ကော်မတီဝင်များ ကအသီးသီးအပြန်အလှန် ဆွေးနွေးသွားပါသည်။
ထို့နောက် ပြည်နယ်ကော်မတီဝင် ဖရူဆိုမြို့နယ် တာဝန်ခံ ဦးမော်ရယ်မှ ဒီးမော့ဆိုမြို့နယ် လူငယ်တာဝန်ခံ ကိုဂျိုးဇက်ထံသို့ ဘော်လုံး(၂)လုံး ပေးအပ်လှူဒါန်း သွားပါသည်။
ဆက်လက်ပြီး ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်မှ နိဂုံးချုပ်အမှာစကား ပြောကြားသွား ပါသည်။
၎င်းအစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးလူရယ်ဖိုးလူ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ယာယီအတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ် ကော်မတီဝင်များဖြစ်ကြသော ဦးတင်ဦး ဦးရဲဝင်း ဦးကျော်သင်း ဒေါ်ဗျားမြာမောင် ဒေါ်မော်မော်ခိုင် ဦးမော်ရယ် (ဖရူဆိုမြို့နယ်တာဝန်ခံ) ပြည်နယ်အရံ ကော်မတီဝင် ဦးရီးချက် လွိုင်ကော်ခရိုင် အတွင်းရေးမှူး ဦးကွယ်ရယ်ဖိုးနှင့် ခရိုင်ကော်မတီဝင်များ လွိုင်ကော်မြို့နယ် ကော်မတီဝင် ဦးလင်းမြတ်ဦး ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဆားရယ် အတွင်းရေးမှူး ဦးအူးရယ်နှင့် မြို့နယ် ကော်မတီဝင်များ စုစုပေါင်းအင်အား (၃၀)ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ