ပြည်နယ်ပါတီ နှင့် ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး
ဒီးမောဆို – သြဂုတ် ၁၄
ယနေ့ (၁၄-၈-၂၀၁၈) ရက်နေ့ နံနက် (၁၀း၄၀) နာရီ မှ နေ့လည် ( ၁း၂၀) နာရီအချိန်အထိ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်နယ် လွိုင်ကော်ခရိုင်နှင့် ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက်ရမည့် လုင်ငန်းများအတွက်အသေးစိတ် ဆွေးနွေးကြပါသည်။
ပထမဦးစွာ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ယာယီအတွင်းရေးမှူး ဦးကျော်မြင့်မှ အဖွင့် အမှာစကားပြောကြားသွားပါသည်။
ဆက်လက်ပြီး ပြည်နယ်ကော်မတီဝင် ဦးတင်ဦး ဦးရဲဝင်း နှင့် ဒေါ်မော်မော်ခိုင် (ဒီးမော့ဆိုမြို့နယ် တာဝန်ခံ) တို့က အသီးသီးဆွေးနွေး သွားပါသည်။
ယင်းနောက် ဒီးမော့ဆိုမြို့နယ်ပါတီ မြို့နယ် ကော်မတီဝင် များ ကအသီးသီးအပြန်အလှန် ဆွေးနွေးသွားပါသည်။
ထို့နောက် ပြည်နယ်ကော်မတီဝင် ဒီးမော့ဆိုမြို့နယ် တာဝန်ခံ ဒေါ်မော်မော်ခိုင်မှ ဒီးမော့ဆိုမြို့နယ် လူငယ်တာဝန်ခံ ကိုအန်ဘရောစို ထံသို့ ဘော်လုံး(၂)လုံး ပေးအပ်လှူဒါန်း သွားပါသည်။
ဆက်လက်ပြီး ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်မှ နိဂုံးချုပ်အမှာစကား ပြောကြားသွား ပါသည်။
၎င်းအစည်းအဝေးသို့ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ယာယီအတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင်များဖြစ်ကြသော
ဦးတင်ဦး ဦးရဲဝင်း ဒေါ်ဗျားမြာမောင် ဒေါ်မော်မော်ခိုင် (ဒီးမော့ဆိုမြို့နယ်တာဝန်ခံ) ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါ်မေရီယန်နှင့် မြို့နယ် ကော်မတီဝင်များ စုစုပေါင်းအင်အား (၂၂) ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။