မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အခြေခံစက်ချုပ်သင်တန်း (၁/၂၀၁၈) ဖွင့်လှစ်ခြင်း

 

၂၀၁၈ – ခုနှစ် ၊ သြဂုတ်လ (၁၃) ရက်နေ့ ၊ နံနက် (၁၀) နာရီအချိန် ၊ မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလောင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်နန်းဝိုးစိန် ၊ ခရိုင်ပါတီကော်မတီဝင် ဦးချာဟူ ၊ ခရိုင်အရန်ပါတီကော်မတီဝင် ဦးစိုင်းမုန့်ခမ်း ၊ ဒေါ်နန်းခမ်းကွမ် ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်သက်ဝေတို့က တက်ရောက်လာသူ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ပါသည်။ အဆိုပါ အခမ်းအနားသို့ အင်အား (၅၆) ဦး တက်ရောက်ပြီး သင်တန်းသူ စုစုပေါင်း (၂၀) ခန့် သင်ယူကြမည်ဖြစ်ပါသည်။ အခမ်းအနားကို မွန်းလွဲ (၁ဝ:၅၀) နာရီအချိန်တွင် ရုပ်သိမ်းပြီး သင်တန်းကို ဆက်လက်ပို့ချပါသည်။