ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့်ဗဟိုကော်မတီဝင်တို့ ဥတ္တရသီရိမြို့နယ်အစည်းအဝေးတက်ရောက်
နေပြည်တော် သြဂုတ် ၉
နေပြည်တော် ဥတ္တရသီရိမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက်ပိုင်းက မြို့ နယ်နှင့်ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲ ကျင်းပခဲ့သည်။
မြို့နယ်နှင့်ရပ်/ကျေးပါတီလုပ် ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည် ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးဌေးဝင်းနှင့် ဗဟို ကော်မတီဝင်ဦးမှတ်ကြီး၊ နေပြည် တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင် များ၊ ဥတ္တရသီရိမြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးဇော်လင်းနှင့်ကော် မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများ နှင့်ကော်မတီဝင်များ တက်ရောက် ကြသည်။
အစည်းအဝေးတွင်ပြည်ထောင်စု နယ်မြေ ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးက ပြည်ခိုင်ဖြိုးပါတီ၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပြည်သူများ၏အခက်အခဲများအား ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ရေဘေးသင့်ဒေသများသို့ ဥတ္တရသီရိမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မှ သွားရောက်ကူညီထောက်ပံ့လှူ ဒါန်းကူညီပေးလျက်ရှိကြောင်း သိ ရသဖြင့် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း ပြောကြားခဲ့ပြီး ဗဟိုကော် မတီဝင်ဦးမှတ်ကြီးကလည်း မြို့ နယ်ပြည်ခိုင်ဖြိုးပါတီအနေဖြင့်ယခု လိုတက်ြ<ွကစွာ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေမှုများ ကို အားပေးပါကြောင်း၊ လိုအပ်ပါ ကလည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက်နေပြည်တော် ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှလည်း ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေးအခြေအနေများအား ရှင်း ပြခဲ့ပြီး ပါတီဝင်အင်အား တိုးပွား ရေးနှင့် ပါတီဝင်ကြေးနှစ်စဉ်ကြေး ရှိရေးတို့ကို ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း၊ ၂ဝ၂ဝပါတီအောင် နိုင်ရေးအတွက် ကြိုတင်စီမံချက်များ ရေးဆွဲထားရန်နှင့် မြို့နယ်ကော် မတီအဖွဲ့အား မိမိတို့တာဝန်ယူ ရသည့် အခန်းကဏ္ဍများအား ကြိုး စားဆောင်ရွက်စေလိုကြောင်းစသည် ဖြင့် ပြောကြားခဲ့ပြီး အစည်းအဝေး ကို မွန်းလွဲ ၁ နာရီခွဲတွင် ပြီးဆုံးခဲ့ ကြောင်း သိရသည်။
ပေါ်ဦး(နေပြည်တော်)