ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တက္ကသိုလ်ပညာသင်စရိတ်ချီးမြှင့်

 

ရန်ကုန် သြဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိရာ ပညာရေးကဏ္ဍအနေဖြင့် တက္ကသိုလ်ပညာကိုထူးချွန်စွာသင် ယူလျက်ရှိသည့်တက္ကသိုလ်ကျောင်း သားကျောင်းသူ ၁၇ဦးတို့အား (၆) ကြိမ်မြောက်ပညာသင်စရိတ်ချီးမြှင့် ပေးအပ်ပွဲကိုရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပညာသင်စရိတ်ချီးမြှင့်ပွဲအခမ်း အနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအရန်ဗဟိုကော်မတီ ဝင်ဒေါ်အေးအေးမြင့်၊ အရန်ဗဟို ကော်မတီဝင် ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ ကျောင်းသား ကျောင်းသူ ၁၇ဦးနှင့် ကျောင်းသား မိဘများ တက်ရောက်ကြသည်။

အစီအစဉ်အရ အရန်ဗဟိုကော် မတီဝင်ဒေါ်အေးအေးမြင့်နှင့်ဒေါက် တာမြင့်သိန်းတို့ကအမှာစကားပြော ကြားသည်။ ထို့နောက် တာဝန်ရှိသူ များက တက္ကသိုလ်ကျောင်းသား ကျောင်းသူ ၁၇ဦးတို့အား (၆)ကြိမ် မြောက်ပညာသင်စရိတ် ထောက်ပံ့ ကြေးအဖြစ် ကျပ် ၂၈၄ဝဝဝဝအား ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(YGN)