ဘီးလင်းမြို့နယ်​ရှိ ​ရေ​ဘေးသင့်ပြည်​သူများနှင့် စာသင်​​ကျောင်းများအား စာ​ရေးကိရိယာများနှင့် ဆန်​အိတ်​များ လှူဒါန်း

 

ဘီးလင်း၊ သြဂုတ် ၉

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ သြဂုတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် ပြည်နယ်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရေဘေးသင့်ကျေးရွာအုပ်စုများ စာသင်ကျောင်းများနှင့် ရေဘေးသင့်ပြည်သူများ နှင့် စာသင်ကျောင်းများအား စာရေးကိရိယာများ၊ ဆန်အိတ်များ လှူဒါန်းလျှက်ရှိကြောင်း သိရသည်။
ပြည်နယ်ပါတီအတွင်းရေးမှူးနှင့်အဖွဲ့သည် ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကလေးငယ်များအား စာရေးခဲတံနှင့် ဗလာစာအုပ်များအား သွားရောက်လှူဒါန်းခဲ့ကြပြီး တောင်ကလေးရပ်ကွက်နှင့် ရွှေအင်တုံ ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရန်အတွက် ဆန်အိတ်(၂၃) အိတ်အား လည်းကောင်း၊ လှူဒါန်းခဲ့ပြီး မြောက်သူဌေးကုန်းကျေးရွာနှင့် ဘုရာကြီးဆိပ်ကျေးရွာရှိ အခြေခံပညာမူလွန်ကျောင်းတွင် စာရေး ကိရိယာများအား လည်းကောင်း လှူဒါန်းခဲ့ကြပြီး မြောက်သူကုန်းဘုန်းကြီးကျောင်း ဆရာတော်ဦးကုသလအား သွားရောက်ဖူးမြော်၍ ဝတ္ထူငွေနှင့်ဆန်အိတ်အိတ်များအား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆတ်လက်ပြီး ပြည်နယ်အတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့်အဖွဲ့သည် ကတိုင်စိန်ကျေးရွာ၊ တောင်သူဌေးကုန်းကျေးရွာ၊ ကဒီပုကျေးရွာတို့ရှိ အခြေခံပညာမူလတန်းကျောင်းနှင့် အခြေခံပညာမူလွန်ကျောင်းတို့ စာရေးကိရိယာ များအား လည်းကောင်း၊ ကတိုင်စိန်ဘုန်းကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမြော်၍ ဝတ္ထူငွေနှင့် ဆန်အိတ်များအား လည်းကောင်း၊ ကတိုင်စိန်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများ (၉) အိတ်အား လည်းကောင်း၊ တောင်သူကုန်းကျေးရွာ ရေဘေးသင့်ပြည်သူများအား ဆန်အိတ် (၁၄) အိတ်၊ ကတ်ပုကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် (၁၆) အိတ်တို့အား လည်ကောင်း၊ ဘုရားကြီးဆိပ်ကျေးရွာအုပ်စု အခြေခံပညာကျောင်းများအတွက် စာအုပ်ဒါဇင် (၅၀၀) အား သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
၎င်းကျေးရွာများသို့ မွန်ပြည်နယ် ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ကော်မတီဝင် ဒေါက်တာခင်မောင်သွင်၊ သထုံခရိုင်ဥက္ကဋ္ဌ ဦးကျော်မြင့်၊ အတွင်းရေးမှူး ဦးစောဥာဏ်ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊ ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးကျော်ဇေယျာမင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌများ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။