လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဆိုင်းဘုတ်တင် ရုံးခန်းဖွင့်ပွဲကျင်းပ

 

ရန်ကုန် သြဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး မြောက် ပိုင်းခရိုင် လှိုင်သာယာမြို့နယ် (၃) ရပ်ကွက် သမိန်ဗရမ်းလမ်း၊ အမှတ် (၁/၁၅၇) ဒေါ်သီတာဟန်နေအိမ် ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ရပ်/ကျေးရုံးဆိုင်းဘုတ် တင်ပွဲနှင့် ရုံးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲတွင် ကျင်းပ ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီကော်မတီဝင် ခရိုင်ဘဏ္ဍာ ရေးမှူး ဦးကြည်စိုး၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဇေယျာအောင်နှင့် ကော် မတီဝင်များ၊ နယ်မြေတာဝန်ခံ ဦးအောင်ဟန်ဦး၊ (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးဦးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ရပ်ကွက် ကျေးရွာပါတီဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များ၊ မြို့နယ်လူငယ်ကော်မတီ ဝင်များ၊ (၃)ရပ်ကွက် ပါတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ အသီးသီး တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ကြပြီး မြောက် ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ခရိုင်ဘဏ္ဍာရေးမှူး ဦးကြည်စိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးဇေယျာအောင် နှင့်နယ်မြေတာဝန်ခံ ဦးအောင်ဟန် ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ပြီး ပါတီဆိုင်းဘုတ်အား အမွှေး နံ့သာများဖြင့် ပက်ဖျန်းပေးခဲ့ကြ ကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

မြင့်သိန်း(လှိုင်သာယာ)