ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲသို့ ဗဟိုအတွင်းရေးမှူး တက်ရောက်ချီးမြှင့်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား
ကံမ၊ သြဂုတ်၊ ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီး တာဝန်ခံ ဦးပိုက်ထွေးသည် ဗဟိုအလုပ်အမှုဆောင်၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းပါတီဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင် ဦးဟန်မောင် တို့နှင့်အတူ ယနေ့ ၀၉:၃၀ နာရီအချိန်တွင် သရက်ခရိုင်၊ကံမမြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်သော ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ တက်ရောက်အားပေးခဲ့ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည် ။
အခမ်းအနားသို့ သရက်ခရိုင်ပါတီဥက္ကဌ ဦးဝင်းကျော်နှင့်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုးနိုင်နှင့်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၁၅၃ ဦးတက်ရောက်ခဲ့ပြီး ပါတီဝင်အဆိုပြုလွှာ ၃၇၄ စောင်အား မြို့နယ်ပါတီဥက္ကဌမှ လက်ခံရယူကာ ၁၂၀၅ နာရီတွင် အခမ်းအနားပြီးမြောက်ခဲ့ပါသည်။
Linn Zaw Aung