အဂူရို၏ သွင်းဂိုးများဖြင့် ချယ်လ်ဆီးကိုနိုင်ပြီး မန်စီးတီး ကွန်မြူနတီဒိုင်း ဗိုလ်စွဲ

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးဟာ အဂူရိုရဲ့ ဂိုး ၂ ဂိုးနဲ့အတူ အက်ဖ်အေဖလား ချန်ပီယံ ချဲလ်ဆီးကို အနိုင်ယူပြီး ကွန်မြူနတီဒိုင်း ဆွတ်ခူးခဲ့ပါတယ်။ ပွဲချိန် ၁၃ မိနစ်မှာ အဂူရိုက ဂိုးစည်းထိပ်ကနေ မြေလိမ့်ဘော ကန်သွင်းပြီး မန်စီးတီးအတွက် အဖွင့်ဂိုး သွင်းပေးခဲ့ပါတယ်။

ဒီဂိုးဟာ အဂူရိုရဲ့ မန်စီးတီး ကစားသမားဘဝ ၂၀၀ မြောက် သွင်းဂိုးဖြစ်ပြီး ပွဲချိန် ၅၈ မိနစ်မှာတော့ ဘာနာဒိုဆေးလ်ဗားရဲ့ ဖန်တီးမှုကနေ အဂူရိုက ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။

အဂူရိုရဲ့ လှုပ်ရှားမှုကြောင့် နောက်တန်း ၄ ယောက် ထားကစားတဲ့ ချဲလ်ဆီးခံစစ်ကြောင်းမှာ နေရာလွတ်တွေ ဖြစ်ပေါ်ခဲ့သလို အဓိက ကစားသမားတွေဖြစ်တဲ့ ဟာဇက်နဲ့ ကန်တီ မပါဝင်နိုင်လို့ ချဲလ်ဆီးအသင်း တိုက်စစ် ပုံဖော်မှုရော၊ ကွင်းလယ်ခံစစ်ပိုင်းရော အားနည်းခဲ့ပါတယ်။

ပွဲချိန်နှောင်းပိုင်းမှာ အဂူရို၊ ဒိုင်ယက်ဇ်တို့ရဲ့ ကန်ချက်တွေကို ချဲလ်ဆီး ဂိုးသမား ကာဘယ်လာရို ကာကွယ်နိုင်ခဲ့လို့ မန်စီးတီး အခုထက်ပိုပြီး ဂိုးမပြတ်ခဲ့တာပါ။

Ref: Goal.com