ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အရုဏ်ဆွမ်းလောင်းလှူ

 

ရန်ကုန် သြဂုတ် ၂

ကွမ်းခြံကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယနေ့ နံနက်တွင် မြို့နယ်ပါတီရုံးရှေ့၌ မြို့ပေါ်ရပ်ကွက် ကျောင်း တိုက်အသီးသီးတွင် သီတင်းသုံးတော်မူသောဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့်သီလရှင်ဆရာလေးများအား ဝါတွင်းအရုဏ် ဆွမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွမ်းလောင်းလှူပွဲကို ကွမ်းခြံကုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာ ပါတီကော်မတီအဖွဲ့များ၊ ပါတီဝင်များနှင့်စေတနာရှင်ပြည်သူများမှ စုပေါင်း၍ လောင်းလှူခဲ့ကြပြီး မြို့ပေါ်ဘုန်းတော်ကြီးကျောင်း ၂၅ ကျောင်းမှ သံဃာတော် ၃၈၈ ပါးနှင့် သီလရှင်ကျောင်း ငါးကျောင်းမှ သီလရှင် ၅၁ ပါးတို့အား လောင်းလှူခဲ့ကြကြောင်း သိရသည်။

ဌေးလှိုင်(ကွမ်းခြံကုန်း)