၆ လ ပွဲပယ်ပြစ်ဒဏ်ကို ၁၈ လအထိ တိုးမြှင့်ခံလိုက်ရတဲ့ နာဆရီ

မန်စီးတီးနဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း နာဆရီ ရဲ့ ၆ လပွဲပယ်ပြစ်ဒဏ်ကို ယူအီးအက်ဖ်အေက ၁၈ လ အထိ တိုးမြှင့်ပြောင်းလဲလိုက်ပါတယ်။

နာဆရီဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရဲ့ ဆေးခန်းတစ်ခုမှာ တားမြစ်ထားတဲ့ ဆေးဝါးကို အကြောထဲထိုးသွင်းခဲ့တာကြောင့် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလမှ ၆ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

ဒါပေမယ့် ယူအီးအက်ဖ်အေက နာဆရီ ရဲ့ ၆ လပွဲပယ်ဖြစ်ဒဏ်ဟာ နည်းပါးလွန်းတယ်ဆိုပြီး ၁၈ လအထိ တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ဒီအတွက် နာဆရီဘက်က အယူခံဝင်ခွင့် ရရှိစေမှာပါ။

နာဆရီဟာ ပြီးခဲ့တဲ့ ၂၀၁၇၊ ဇန်န၀ါရီလ၊ ၁ရက်နေ့ကတည်းက ၆လ ပွဲပယ်ပြစ်ဒဏ်ကို ကျခံရမှာဖြစ်ပေမယ့် ၂၀၁၇၊ သြဂုတ်လမှာ တူရကီကလပ် အန်တယ်လ်ယာစပေါကို ပြောင်းရွှေ့ကစားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈၊ ဇန်န၀ါရီအရောက်မှာ အန်တယ်လ်ယာစပေါနဲ့ လမ်းခွဲပြီးနောက်ပိုင်း အသင်းလက်မဲ့ ဖြစ်နေချိန်ရောက်မှ ပွဲပယ်ပြစ်ဒဏ်ကို စတင်ကျခံခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နာဆရီရဲ့ ၁၈လ ပွဲပယ်ပြစ်ဒဏ်က ၂၀၁၇၊ ဇူလိုင်လ၊ ၁ရက်နေ့ကတည်းက စတင်အကျုံးဝင်စေမှာဖြစ်ပြီး လာမယ့် ၂၀၁၈၊ စက်တင်ဘာလ၊ ၁ရက်နေ့မှာ ပြီးဆုံးမယ်လို့လည်း ယူအီးအက်ဖ်အေက ထုတ်ပြန်ကြေညာ သွားခဲ့ပါတယ်။

-Ref; Sky sports