ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး နိုင်​ငံ​ရေးစီမံခန့်​ခွဲမှုနည်းပြသင်​တန်း အမှတ်​စဉ်​(၅) သင်​တန်းဆင်းပွဲအခမ်းအနား သို့ တက်​​ရောက်​အမှာစကားပြောကြား

 

နေပြည်​​တော်​၊ ဇူလိုင်​ ၂၆

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ယ​နေ့ ဇူလိုင်​လ ၂၆ ရက်​​နေ့ နံနက်​ ၉နာရီ ၃၀မိနစ် အချိန်​တွင်​ ​နေပြည်​​တော်​ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်​ သင်​တန်း​ကျောင်းခန်းမ၌ ဖွင့်​လှစ်​သည့်​ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု နည်းပြသင်​တန်း အမှတ်​စဉ်​ (၅) သင်​တန်းဆင်းပွဲအခမ်းအနားသို့တက်​​ရောက်​၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

အဆိုပါဖွင့်​ပွဲအခမ်းအနားတွင် နိုင်​ငံ​တော်​အလံအားအ​လေးပြု၍ နိုင်​ငံ​တော်​သီချင်းစု​ပေါင်းသီဆိုဖွင့်​လှစ်​ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးမှ သင်တန်းဆင်းအမှာစကား​ပြောကြားခဲ့သည်။ ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ အခမ်းအနားအပြီးတွင် တက်ရောက်လာသော ပါတီဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များနှင့် သင်တန်းသား/သင်တန်းသူများ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကာ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ပြီးမြောက်ခဲ့သည်။