ဘီးလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆက်ကပ်လှူဒါန်း

 

ဘီးလင်း၊ ဇူလိုင်-၂၅

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံး အစည်းအ​ဝေးခန်းမ​ဆောင်​၌ ယ​နေ့နံနက်​ ၁၀ နာရီတွင်​ ဆရာ​တော်​ သံဃာ​တော်​များအား​ ဝါဆိုသင်္ကန်းနှင့် ​နေ့ဆွမ်းဆက်ကပ်​ လှူဒါန်းခဲ့သည်​။
အဆိုပါ ဝါဆိုသင်္ကန်း​နှင့်​ဆွမ်းဆက်ကပ်​လှူဒါန်းပွဲသို့ ဘီးလင်းမြို့တပ်​ဦး​ကျောင်းတိုက်​ ဆရာ​တော်​အရှင်​ဝိမလ အမှူးပြု​သောဆရာ​တော်​အရှင်သူမြတ်(၅)ပါး ကြွရောက်​ချီးမြှင့်​ခဲ့သည်။
ယင်းအခမ်းအနားသို့ ပြည်နယ်ပာတီကော်​မတီဝင်​ ​ဒေါက်​တာခင်​​မောင်​သွင်​၊ မြို့နယ်​ဥက္ကဋ္ဌဦးမြင့်​​ဆွေ၊ အတွင်း​ရေးမှူး ဦး​ကျော်​​ဇေယျာမင်း၊ မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးပါတီဥက္ကဋ္ဌများ တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရသည်​။
ရှေ့ဦးစွာ န​မောတဿသုံးကြိမ်​ရွက်​ဆိုပြီးဆရာ​တော်​သံဃာ​တော်​များအား ရှိခိုးကန်​​တော့ကာ တပ်​ဦး​ကျောင်းတိုက်​ဆရာ​တော်​ အရှင်​ဝိမလ ထံမှာ ငါးပါးသီလခံယူကြပြီး ဆရာ​တော်​သံဃာ​တော်​များအား ဝါဆိုသင်္ကန်​နှင့်​လှူဖွယ်​ဝတ္တူများအား ဆက်ကပ်​လှူဒါန်းခဲ့ကြောင်း သိရှိရသည်။