ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးလက်ဒေသ ပြည်သူလူထုများနှင့် တွေ့ဆုံဆွေးနွေး

ညောင်ဦး၊ ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညောင်ဦးမြို့နယ် ညောင်ကြီး ကျေးရွာ ယမ်းစမ်းကျေးရွာအုပ်စုနှင့် ရွာသာအေးကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီ ၆ဝ ခန့် တက်ရောက်ပြီး ရပ်ကွက်/ကျေးရွာပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ၌ ပါတီအောင်နိုင်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များအား ပါတီဝင်လူထုများနှင့် တွေ့ ဆုံ၍ နိုင်ငံရေးစကားဝိုင်းများ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ညောင်ဦးခရိုင် ဘဏ္ဍာရေးမှူး၊ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းဆင်း နည်းပြဆရာမ ဒေါ်မြသန္တာဦးက ဟောပြောဆွေးနွေးပြီး နယ်မြေတာဝန်ခံ ဒေါ်အေးမြတ်သူတို့က လူထုဟောပြောမှုများအား လက်တွေ့ကွင်းဆင်းဆောင်ရွက်၍ ပါတီဝင်များနှင့် ပွင့်လင်းရင်းနှီးစွာဖြင့် အပြန်အလှန်ဆွေးနွေးဖလှယ် ခဲ့ကြသည်ဟု သိရသည်။

ယမ်းစမ်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင် ဦးငွေသိန်းက လည်းကောင်း၊ ဦးအောင်ခင်က လည်းကောင်း၊ ဦးတင်ငွေက လည်းကောင်း၊ မြန်မာနိုင်ငံ၌ ယနေ့ဖြစ်ပေါ်နေသောအကြောင်းအရာများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲကို တစ်ရက်တည်းနှင့် ကျေးရွာသုံးရွာအပြီး ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ကျော်ဌေး(ညောင်ဦး)