ပုသိမ်မြို့နယ် ၀က်ကြီးကွင်းကျေးရွာ ပါတီဆိုင်းဘုတ်အသစ် ပြန်လည်တင်ခြင်းနှင့် တွေ့ဆုံပွဲကျင်းပ

 

11-7-2018 ရက်နေ့ ပုသိမ်မြို့နယ် ဝက်ကြီးကွင်းကျေးရွာတွင် ပါတီဆိုင်းဘုတ်အသစ်ပြန်လည် တင်ခြင်းနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ရာ ပုသိမ်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျော်ထွန်းဇော် ကော်မတီဝင် တိုက်နယ်တာဝန်ခံ ဦးစိုးလွင် သတင်းမီဒီယာတာဝန်ခံ ဦးအောင်စိုးဦး၊ ဒေါ်လေးလေးနွယ်တို့ တက်ရောက်ခဲ့ပြီး ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးစိန်လှအောင်နှင့် အဖွဲ့ဝင်များ (60) ဦးတက်ရောက်ကြပါသည်။ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်တိုက်နယ်တာဝန်ခံတို့မှ Eco မီးဖိုသုံးစွဲမှုအကြောင်း၊ ၂၀၁၇ – ၂၀၁၈ပညာသင်နှစ် ထူးချွန်ကျောင်းသား/သူများ ဆုချီးမြင့်မည့် အစီအစဉ်များ တောင်သူလယ်သမားရေးရာ တွေ့ဆုံပွဲသို့ တက်ရောက်ရမည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဒေသခံပါတီဝင်များမှ လည်း အားတက်သရော ထောက်ခံအားပေးခဲ့ပီး ၂၀၂၀ အောင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားပါမည်ဟု ပြောကြားခဲ့ပါသည်။

Kaung Lay