အာဆီယံအမျိုးသမီးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာနှင့်ထိုင်း တွေ့ဆုံ

အာဆီယံအမျိုးသမီးပြိုင်ပွဲတွင် မြန်မာနှင့် ဗီယက်နမ်အသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ – MFF)

 

အာဆီယံအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲတွင် မြန်မာအသင်းသည် ဗီယက်နမ်အသင်းကို ရှုံးနိမ့်၍ အုပ်စုဒုတိယဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက်ပြီး ထိုင်းအသင်းနှင့် ရင်ဆိုင် ရမည်ဖြစ်သည်။

ဇူလိုင် ၉ ရက်က အင်ဒိုနီး ရှားနိုင်ငံ ပလန်ဘမ်းမြို့ Jaka-baring Stadium တွင် ယှဉ်ပြိုင် သည့် ယင်းပွဲသည် အကြိတ်အ နယ်ရှိပြီး မြန်မာအသင်းက ဗီယက်နမ်အသင်းကို ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ပထမပိုင်းတွင် ဗီယက်နမ်အသင်းက အဖွင့်ဂိုးသွင်းယူကာ တစ်ဂိုးအသာဖြင့် မြန်မာအသင်းကို ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် ဗီယက်နမ် အသင်းက အနိုင်ဂိုးသုံးဂိုး ထပ်မံ သွင်းယူပြီး မြန်မာအသင်းအတွက်  ၀င်းသိင်္ဂီထွန်းက နှစ်ဂိုးနှင့် ခင်မာလာထွန်းက တစ်ဂိုးသာ ပြန်လည် သွင်းယူနိုင်သဖြင့် အရှုံးပေးခဲ့ရသည်။

အုပ်စု(ခ) ပွဲများအပြီးတွင် ဗီယက်နမ်အသင်းက လေးပွဲကစား၊ လေးပွဲနိုင်ရမှတ် ၁၂ မှတ် ဖြင့် အုပ်စုပထမ၊ မြန်မာအသင်း က ရမှတ်ကိုးမှတ် အုပ်စုဒုတိယဖြင့် အကြိုဗိုလ်လုပွဲသို့ အသီးသီးတက်ရောက်ခဲ့သည်။ အခြားအုပ်စု(က)တွင် ထိုင်းအသင်းက ရမှတ် ၁၂ မှတ်ဖြင့် ပထမ၊ သြစတြေးလျ ယူ-၂၀ အသင်းက ရမှတ်ကိုးမှတ် အုပ်စု ဒုတိယဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။

 အာဆီယံအမျိုးသမီးဘော လုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲများကို ဇူလိုင် ၁၁ ရက်တွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ၌ မြန်မာနှင့် ထိုင်း၊  ၆ နာရီခွဲတွင် ဗီယက်နမ်နှင့် သြစတြေးလျ ယူ-၂၀ တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

 မြန်မာအမျိုးသမီးအသင်းသည် အာဆီယံပြိုင်ပွဲမတိုင်မီ ဇွန်လက ထိုင်းနိုင်ငံ၌ ထိုင်းအသင်း နှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ထားပြီး တစ်ပွဲသရေ၊ တစ်ပွဲ ရှုံးထားသည်။ 

7Days